Connect with us

Hi, what are you looking for?

သတင်း

ဆယ်ဇင်းတိုက်ပွဲတွင်အထိနာ​နေ​သောစစ်တပ်က​ဒေသခံနှင့်​ရွေ့​ပြောင်းလုပ်သားများကို ၂ ရက်အတွင်းထွက်ခွာရန်ဖိအား​ပေးခြိမ်း​ခြောက်​နေ

“စစ်ကောင်စီဘက်ကတော့ တော်တော်ကို အထိနာတဲ့ တိုက်ပွဲပဲ။ ပြည်သူ့ရဲဘော်တွေဘက်ကလည်းထိတာရှိပေမယ့် ကျွန်တော်တို့ သိသလောက် တစ်ယောက်ကျဆုံးတာပါ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

(ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကိုGoogle Map တွင်မြင်​တွေ့ရမှု)
(ဖားကန့်မြို့နယ် ဆယ်ဇင်းရွာကိုGoogle Map တွင်မြင်​တွေ့ရမှု)

ဖားကန့်မြို့နယ်ဆည်ဇင်း​ရွာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က အကျအဆုံးများပြီးနောက် ဒေသခံများနှင့် ရွှေ့ပြောင်းအခြေချသူများကို နှစ်ရက်အတွင်းထွက်ခွာရန်စစ်ကောင်စီတပ်ကဖိအား​ပေးခြိမ်း​ခြောက်​နေသည်ဟုဒေသခံများကပြောသည်။

“နှစ်ရက်အတွင်းထွက်ရမယ်လို့ ရပ်ကျေးဘက်ကလာ​ပြောနေတယ်။ တချို့လည်းကြောက်လို့ အင်းတော်ကြီးဖက်ကို ပြေးသွားကြပြီ။ ကျွန်တော်တို့ ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း မသိသေးဘူး”ဟု ဆည်င်းဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေသည့်ဆည်ဇင်းကျေးရွာသည် ဥရုချောင်းဘေးမှ ကျေးရွာတစ်ခုဖြစ်ပြီး ရွှေတွင်းလုပ်ငန်းများစွာရှိသည်။ စစ်ကိုင်းတိုင်းအပါအဝင် အထက်ပိုင်းဒေသမှ ရွှေ့ပြောင်းလုပ်သားအများအပြားသည် ဆည်ဇင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်းများတွင်အလုပ်လုပ်ကိုင်နေကြသည်။ယခုအခါ စစ်ကောင်စီတပ်က နှင်ထုတ်နေ၍ အခက်အခဲတွေ့နေသည်ဟုရွှေ့ပြောင်းလုပ်သားများကပြောသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ဆည်ဇင်းကျေးရွာတွင် ဇူလိုင် ၁၆ရက်ကစ၍ ကချင်လွတ်လပ်​ရေးတပ်မ​တော်-KIA၊PDFပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့သည်။ မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီတပ် ပိတ်မိနေ၍ ဇူလိုင် ၁၆ရက်၊ ၁၇ရက်နှင့် ၁၈ရက်အထိသုံးရက်ဆက် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့သည်။ လတ်တလောတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅၀ ဦးထက်မက သေဆုံးကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်ကတော့ တော်တော်ကို အထိနာတဲ့ တိုက်ပွဲပဲ။ ပြည်သူ့ရဲဘော်တွေဘက်ကလည်းထိတာရှိပေမယ့် ကျွန်တော်တို့ သိသလောက် တစ်ယောက်ကျဆုံးတာပါ” ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးက​ပြောသည်။

ထိုအပြင် ဇူလိုင် ၂၀ တွင်လည်းစစ်​ကောင်စီတပ်ကရဟတ်ယာဥ်အသုံးပြု တိုက်ခိုက်ခဲ့​ကြောင်း KIA ၏ထုတ်ပြန်ချက်အရသိရသည်။

စစ်​ကောင်စီတပ်သည်ဆယ်ဇင်း​ဘက်သို့ စစ်အင်အားတိုးချဲ့ရန် ဇူလိုင်ဒုတိယပါတ်တွင် တာမခန်မှ​ခြေလျှင်ထွက်ခါလာရာ ဆယ်ဇင်းအ​ရောက်တွင် KIA ကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်မှ တပ်မ ၃၃ အောက် ၇၆တပ်ရင်း၊ ခလရ ၄၂ စုပေါင်းတပ်တို့ဖြစ်ပြီး KIA၊PDF ပူး​ပေါင်းတပ်ကပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့်​သေဆုံးထိခိုက်မှုများပြီး​လေ​ကြောင်းပစ်ကူဆက်တိုက်အသုံးပြု​နေရခြင်းဖြစ်သည်။ ​သေဆုံး၊ဒဏ်ရာရသူများ၊စစ်ကူများ ၊လက်နက်ခဲယမ်းများကိုလည်းစစ်တပ်က ရဟတ်ယာဥ်ဖြင့်သုံး၍သယ်ယူပြီး တိုက်​လေယာဥ်ဖြင့်ဗုံးကျဲတိုက်ခိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။