Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားနှင့် မိုင်၂၀အကွာရှိ အောင်မြင်သာရွာ ရဲကင်းဂိတ် မီးရှို့ခံရ

လက်ရှိတွင် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ တပ်အကြား ဖားကန့်၊ ဝိုင်းမော်၊ တနိုင်းဒေသများ၌ တိုက်ပွဲများ ပြင်းထန်နေသည်။

မြစ်ကြီးနားနှင့် မိုင်၂၀အကွာရှိ အောင်မြင်သာရွာ ရဲကင်းဂိတ် မီးရှို့ခံရ
မြစ်ကြီးနားနှင့် မိုင်၂၀အကွာရှိ အောင်မြင်သာရွာ ရဲကင်းဂိတ် မီးရှို့ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောင်မြင်သာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းဂိတ် မီးရှို့ခံရပြီး ပြာကျသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ညက ၉နာရီနဲ့ ၁၀နာရီကြားမှာ။ သူတို့ဂိတ်နဲ့ဆိုင်စျေးတန်းနဲ့က အတူတူ လုပ်ထားတယ်ဆို တော့ အကုန်လုံးပြောင်သွားတာပေါ့”ဟု ဒေသခံက ပြောသည်။

အဆိုပါ ရဲကင်းစခန်းဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမရှိသည်မှာ ကြာပြီဖြစ်ကြောင်း တစ်ခါတရံတွင် အရပ်ဝတ်ဖြင့်လာရောက်မှုရှိကြောင်း ၎င်းက ဆိုသည်။

မြစ်ကြီးနားနှင့် မိုင်၂၀အကွာရှိ အောင်မြင်သာရွာ ရဲကင်းဂိတ် မီးရှို့ခံရ
မြစ်ကြီးနားနှင့် မိုင်၂၀အကွာရှိ အောင်မြင်သာရွာ ရဲကင်းဂိတ် မီးရှို့ခံရ

“အောင်မြင်သာရွာအဝင်။ ဆွမ်ပရာဘွမ် – ပူတာအိုသွားလမ်းပေါ့။ မြစ်ကြီးနားနဲ့ မိုင် ၂၀ ဝေးတဲ့ အောင်မြင်သာ ရွာအဝင်ကရဲကင်းပေါ့။ ပစ်ခတ်မှုတွေတော့ မရှိဘူး။ အဲဒီမှာ ဂိတ်မထိုင်တာကြာပြီ” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်ဒေသ ခြေစိုက် မြစ်ကြီးနား သတင်းဂျာနယ်၏ ဖော်ပြချက်အရ အဆိုပါဂိတ်ကို မြို့ပြ ပြောက်ကျားအဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ စစ်ကောင်စီတပ်သားနှင့် ရဲများက ဖြတ်သွားဖြတ်လာ ကုန်ကားများထံမှ ငွေးကြေးတောင်းခံမှု ပြုလုပ်လေ့ရှိကြောင်း သတင်းရင်း မြစ်တစ်ဦး၏ ပြောကြားချက်ကိုလည်း ဖော်ပြထားသည်။

မြစ်ကြီးနားနှင့် မိုင်၂၀အကွာရှိ အောင်မြင်သာရွာ ရဲကင်းဂိတ် မီးရှို့ခံရ
မြစ်ကြီးနားနှင့် မိုင်၂၀အကွာရှိ အောင်မြင်သာရွာ ရဲကင်းဂိတ် မီးရှို့ခံရ

လက်ရှိတွင် ကချင်ပြည်နယ်တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ တပ်အကြား ဖားကန့်၊ ဝိုင်းမော်၊ တနိုင်းဒေသများ၌ တိုက်ပွဲများ ပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံကို ကာကွယ်ဖို့၊ ဧရာ၀တီမြစ်ထာ၀ရ လွတ်လပ်စွာ စီးဆင်းစေဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုကို ဒေသခံ လူငယ်တွေ ဦးဆောင်ပြုလုပ်ခဲ့တယ်လို့ မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။