Connect with us

Hi, what are you looking for?

သတင်း

လွယ်မကူးတောင်ပေါ် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ၉ ဦး ခန့်ထိခိုက်သေဆုံးမှုရှိဟု ဖယ်ခုံတပ်ရင်း (၂) ထုတ်ပြန်

တိုက်ပွဲဖြစ်စဥ်တွင် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာတို့၌ ပါလက်နက်ကြီးကျ ရောက် ပေါက်ကွဲမှု များကြောင့် ပြည်သူများစစ်ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဖယ်ခုံ PDF မှ စနိုက်ပါရဲဘော်တစ်ဦးကို တွေ့ရစဥ်၊ ဓာတ်ပုံ - PEKHON PDF-2
ဖယ်ခုံ PDF မှ စနိုက်ပါရဲဘော်တစ်ဦးကို တွေ့ရစဥ်၊ ဓာတ်ပုံ - PEKHON PDF-2

ဖယ်ခုံမြို့နယ်၊ လဟယ်ကျေးရွာအနီးရှိ လွယ်မကူးတောင်ပေါ်တွင် တပ်စွဲထား သော စစ်ကောင်စီတပ်ကို ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ၉ ဦးခန့် ထိခိုက်သေဆုံးမှုရှိကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း (၂)က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၂၁ ရက်) နေ့လည် ၃ နာရီ မိနစ် ၂၀ခန့်က စတင်ခဲ့သည့်တိုက်ပွဲကို ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊တပ်ရင်း(၂) နှင့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) -B03တို့ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲချိန် ၁နာရီခန့်အတွင်း စစ်ကောင်စီဘက်မှ ၉ ဦးခန့်ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး တိုက်ပွဲပြင်းထန် ခဲ့ကြောင်း အသိပေးသည်။

အထိနာနေသော စစ်ကောင်စီတပ်က ဖယ်ခုံမြို့ စကခ-၇မှ လက်နက်ကြီးပစ်ကူ အဆက်မ ပြတ်ပစ်ကူပေးခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်များ ဘက်က ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်စဥ်တွင် နားဟီးကျေးရွာနှင့် ဗန့်ခူးကျေးရွာတို့၌ ပါလက်နက်ကြီးကျ ရောက် ပေါက်ကွဲမှု များကြောင့် ပြည်သူများစစ်ရှောင်ခဲ့ရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook