မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်တဲကုန်းရှိအထက်တန်းကျောင်းအုတ်တံတိုင်း ယနေ့နံနက်ပိုင်းကပြိုကျပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။
ယနေ့ (ဇူလိုင်လ၂၂ရက်) နံနက် ၉ နာရီခွဲခန့်ကမော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်း၊ အထက(၅)ကျောင်း၏ အုတ်တံတိုင်းမှာကျောင်းအပြင်ဘက်ပြိုကျခဲ့ခြင်းဖြစ်သည်။ပြိုကျမှုကြောင့်အုတ်တံတိုင်းအနီးရှိလက်ဖက်ရည်ဆိုင်မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး
(၃)ဦး စုစုပေါင်း(၅)ဦး သေဆုံးခဲ့သည်။ ထိုအပြင်အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများက ပြောသည်။




မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မိုးရေကြောင့်အုတ်တံတိုင်းပြိုကျလာခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။
“ကျောင်းအနောက်ဘက်မှာဖြစ်တာပါ။ အရင်ကလဲတစ်ခါ ပြိုပြီးပြီ။ အဲဒီတုန်းက တစ်ယောက်သေတစ်ယောက်သေတယ်”ဟု မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement



သေဆုံးသူများနှင့်ဒဏ်ရာရသူများအား လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်များဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီက ကျောင်းများဖွင့်လှစ်ထား၍ ကျောင်းဖွင့်ချိန်ဖြစ်သော်လည်း ကျောင်းအုတ်တံတိုင်းအပြင်ဘက်သို့ပြိုကျပြီးကျောင်းပိတ်မပိတ်ကိုမူမသိရပေ။


















































