Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် ထိုင်းရေနံကုမ္ပဏီ PTTEP ရုံးအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့်နေရာသုံးခု ယနေ့ ပေါက်ကွဲမှုဖြစ်

“ထိုင်းကုမ္ပဏီက ထိုင်းအစိုးရပိုင်ကုမ္ပဏီပဲ၊ မြန်မာပြည်မှာ အထွေထွေမန်နေဂျာတစ်ယောက်က ကိုင်တွယ်နေတာ။ စစ်တပ်အတွက် ဒေါ်လာရှာပေးတဲ့ ရေနံကုမ္ပဏီတခုဆိုတာသေချာတယ်”ဟု ထိုင်းPTTEPကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

ရန်ကုန်တွင် ထိုင်းရေနံကုမ္ပဏီ PTTEP ရုံးအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့်နေရာသုံးခု ယနေ့ ပေါက်ကွဲမှုဖြစ်
ရန်ကုန်တွင် ထိုင်းရေနံကုမ္ပဏီ PTTEP ရုံးအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့်နေရာသုံးခု ယနေ့ ပေါက်ကွဲမှုဖြစ်

ထိုင်းရေနံကုမ္ပဏီ PTTEP ရန်ကုန်ရုံးခွဲအပါအဝင် စစ်ကောင်စီနှင့် ပတ်သတ်နေသည့် နေရာသုံးခုတွင် ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်မြို့ခံများကပြောသည်။

မရမ်းကုန်းမြို့နယ်ရှိ ထိုင်းရေနံကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲအတွင်း ယနေ့ နံနက် ၁၀နာရီခွဲခန့်၌ ပေါက်ကွဲမှုဖြစ် ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းလည်း ဒေသခံများက ပြောသည်။

မရမ်းကုန်းမြို့နယ်၊ ဆည်မြောင်လမ်းရှိ အဆိုပါရုံး၏ ပထမထပ် ကားပါကင်၌ ပေါက်ကွဲမှုဖြစ်ပြီး ပေါက်ကွဲမှုအပြီးတွင် စစ်သားနှင့်ရဲများက ဝန်းတံခါးပိတ်ကာ စစ်ဆေးနေသည်ဟု မျက်မြင်သက်သေများက ပြောသည်။

“ထိုင်းကုမ္ပဏီက ထိုင်းအစိုးရပိုင်ကုမ္ပဏီပဲ၊ မြန်မာပြည်မှာ အထွေထွေမန်နေဂျာတစ်ယောက်က ကိုင်တွယ်နေတာ။ စစ်တပ်အတွက် ဒေါ်လာရှာပေးတဲ့ ရေနံကုမ္ပဏီတခုဆိုတာသေချာတယ်”ဟု ထိုင်းPTTEPကုမ္ပဏီဝန်ထမ်းဟောင်းတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုင်းPTTEPကုမ္ပဏီသည် စစ်ကောင်စီအတွက် နိုင်ငံခြားငွေ အဓိကရှာဖွေပေးနေသည့် ရေနံကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းသည် မြန်မာ့ကမ်းလွန်ရှိ မုတ္တမပင်လယ် ကွေ့တွင် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်လုပ်ကာ ထိုင်းနိုင်ငံကို တင်ပို့နေသည့် ကုမ္ပဏီတစ်ခုလည်းဖြစ်သည်။

ထိုင်းကုမ္ပဏီသည် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြန်လည်ထွက်ခွာသွားသည် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ ရှယ်ယာများကို ဝယ်ယူပြီး စစ်ကောင်စီအတွက် နိုင်ငံခြားငွေရရှိအောင် ဆောင်ရွက်ပေးနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

ထိုအတူ ရန်ကုန်မြို့လယ်တွင် ယနေ့ မွန်းတည် ၁၂နာရီခန့်က ကျောက်တံတားနှင့် ပန်းဘဲတန်းမြို့ရှိ လျှပ်စစ်မန်နေဂျာရုံးနှစ်ရုံးကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ယင်း လျှပ်စစ်မီတာရုံးနှစ်ခုကို ဗုံးခွဲတိုက်ခိုက်ခြင်းသည် ရန်ကုန်မြို့ပြပျောက်ကြားတော်လှန်ရေးအဖွဲ့ဖြစ်သော Toxic Boy အဖွဲ့ကဆောင်ရွက်ခြင်းကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook