Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်ကြီးမြို့နယ်ထဲ စစ်ဘေးရှောင်ရသူ တစ်သောင်းခွဲကျော်ရှိနေ

ဒါ့အပြင် ဇူလိုင်(၁၉)ရက်မှာ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးဟာ သစ်ချားဆိပ်စခန်းကို ဝင်ရောက်လာခဲ့ပြီး တစ်စီးကတော့ စားနပ်ရိက္ခာတင်ဆောင်ကာ ကျန်တစ်စီးကတော့ ဆီနဲ့ လက်နက်ကြီးတစ်လက် တင်ဆောင်လာခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါသေးတယ်။

ကျောက်ကြီးမြို့နယ်ထဲ စစ်ဘေးရှောင်ရသူ တစ်သောင်းခွဲကျော်ရှိနေ
ကျောက်ကြီးမြို့နယ်ထဲ စစ်ဘေးရှောင်ရသူ တစ်သောင်းခွဲကျော်ရှိနေ

ကေအဲန်ယူ-ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒေသခံတစ်သောင်းခွဲကျော် စစ်ဘေးရှောင်ခဲ့ရပြီး ကေအဲန်ယူဆက်ဆံရေးရုံးအတွင်းကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ ကေအဲန်ယူကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၁၆)ရက်က စစ်ကောင်စီတပ်က ဗိုလ်ကြီးဇေယျာလင်းဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ကျောက်ကြီးမြို့ ကေအဲန်ယူဆက်ဆံရေးရုံးအတွင်းကို ဝင်ရောက်ပြီး အခန်းသော့နဲ့ သေတ္တာသော့တွေကို ရိုက်ချိုးခဲ့ကာ ဖုန်းတစ်လုံးကို ယူဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇူလိုင်(၁၆)ရက် မနက် ၁၀ နာရီကျော်အချိန်မှာတော့ လယ်ဒိုမြို့နယ် မမယမ်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၃ တို့အကြား ထိပ်တိုက်တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုကတော့ မသိရှိရသေးဘူးလို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ထားတဲ့ ကရင်လူငယ်(၂၃)ဦးကိုလည်း စစ်ကောင်စီတပ်က ပြန်လည်လွတ်ပေးခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်(၁၈)ရက် ညနေခြောက်နာရီမှာတော့ စစ်ကောင်စီတပ်က စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ကညင်ကျိုးကျေးရွာမှာစခန်းချပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ လှေတန်းကျွန်းကြီးကျေးရွာကို လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့တာကြောင့် လှေတန်းကြီးကျေးရွာနေ ရွာသားတစ်ဦးရဲ့ အိမ်တစ်ခြမ်းကို ထိမှန်ခဲ့သလို နွားတစ်ကောင်ကိုလည်း ထိမှန်ခဲ့တာပါ။

ဒါ့အပြင် ဇူလိုင်(၁၉)ရက်မှာ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးဟာ သစ်ချားဆိပ်စခန်းကို ဝင်ရောက်လာခဲ့ပြီး တစ်စီးကတော့ စားနပ်ရိက္ခာတင်ဆောင်ကာ ကျန်တစ်စီးကတော့ ဆီနဲ့ လက်နက်ကြီးတစ်လက် တင်ဆောင်လာခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါသေးတယ်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ကျေးရွာပြည်သူလူထုတွေနဲ့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတဲ့ ကျေးရွာပြည်သူလူထု(၉)ဦးရှိပြီး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကျေးရွာပြည်သူလူထု (၁၂)ဦးရှိခဲ့ကာ စစ်ကောင်စီက ဖမ်းဆီထားတဲ့ ပြည်သူဦးရေ(၃၄)ဦးနဲ့ စစ်ဘေးရှောင်နေရသူဦးရေ စုစုပေါင်း (၁၆၀၃၆)ဦး ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်​ကောင်စီဗုံးကြဲတိုက်ခိုက်မှု​ကြောင့်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဒေသခံများ ၊​တော်လှန်​ရေးအဖွဲ့များ ၊စစ်​ဘေူ​ရှောင်အ​ရေး​ဆောင်ရွက်​ပေး​နေသူများထံ People's Spring ကဆက်သွယ်စုံစမ်း​နေဆဲဖြစ်ပြီး ​နောက်ဆက်တွဲသတင်းများကို ဆက်လက်​ဖော်ပြ​ပေးပါမည်။