Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးမြို့နယ်ထဲ စစ်ဘေးရှောင်ရသူ တစ်သောင်းခွဲကျော်ရှိနေ

ဒါ့အပြင် ဇူလိုင်(၁၉)ရက်မှာ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးဟာ သစ်ချားဆိပ်စခန်းကို ဝင်ရောက်လာခဲ့ပြီး တစ်စီးကတော့ စားနပ်ရိက္ခာတင်ဆောင်ကာ ကျန်တစ်စီးကတော့ ဆီနဲ့ လက်နက်ကြီးတစ်လက် တင်ဆောင်လာခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါသေးတယ်။

ကျောက်ကြီးမြို့နယ်ထဲ စစ်ဘေးရှောင်ရသူ တစ်သောင်းခွဲကျော်ရှိနေ
ကျောက်ကြီးမြို့နယ်ထဲ စစ်ဘေးရှောင်ရသူ တစ်သောင်းခွဲကျော်ရှိနေ

ကေအဲန်ယူ-ခလယ်လွီထူခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ဒေသခံတစ်သောင်းခွဲကျော် စစ်ဘေးရှောင်ခဲ့ရပြီး ကေအဲန်ယူဆက်ဆံရေးရုံးအတွင်းကိုလည်း ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ ကေအဲန်ယူကသတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်(၁၆)ရက်က စစ်ကောင်စီတပ်က ဗိုလ်ကြီးဇေယျာလင်းဦးဆောင်ပြီး မီးသတ်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ပူးပေါင်းကာ ကျောက်ကြီးမြို့ ကေအဲန်ယူဆက်ဆံရေးရုံးအတွင်းကို ဝင်ရောက်ပြီး အခန်းသော့နဲ့ သေတ္တာသော့တွေကို ရိုက်ချိုးခဲ့ကာ ဖုန်းတစ်လုံးကို ယူဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဇူလိုင်(၁၆)ရက် မနက် ၁၀ နာရီကျော်အချိန်မှာတော့ လယ်ဒိုမြို့နယ် မမယမ်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၃ တို့အကြား ထိပ်တိုက်တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုကတော့ မသိရှိရသေးဘူးလို့ ကေအဲန်ယူက ဆိုထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်ထားတဲ့ ကရင်လူငယ်(၂၃)ဦးကိုလည်း စစ်ကောင်စီတပ်က ပြန်လည်လွတ်ပေးခဲ့တယ်လို့ ကေအဲန်ယူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင်(၁၈)ရက် ညနေခြောက်နာရီမှာတော့ စစ်ကောင်စီတပ်က စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ကညင်ကျိုးကျေးရွာမှာစခန်းချပြီး စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ လှေတန်းကျွန်းကြီးကျေးရွာကို လက်နက်ကြီးနှစ်လုံးပစ်ခတ်ခဲ့တာကြောင့် လှေတန်းကြီးကျေးရွာနေ ရွာသားတစ်ဦးရဲ့ အိမ်တစ်ခြမ်းကို ထိမှန်ခဲ့သလို နွားတစ်ကောင်ကိုလည်း ထိမှန်ခဲ့တာပါ။

ဒါ့အပြင် ဇူလိုင်(၁၉)ရက်မှာ စစ်ကောင်စီတပ်ရဲ့ ကားနှစ်စီးဟာ သစ်ချားဆိပ်စခန်းကို ဝင်ရောက်လာခဲ့ပြီး တစ်စီးကတော့ စားနပ်ရိက္ခာတင်ဆောင်ကာ ကျန်တစ်စီးကတော့ ဆီနဲ့ လက်နက်ကြီးတစ်လက် တင်ဆောင်လာခဲ့တယ်လို့ ကေအဲန်ယူကဆိုထားပါသေးတယ်။

ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသတ်ဖြတ်ထားတဲ့ ကျေးရွာပြည်သူလူထုတွေနဲ့ လက်နက်ကြီးထိမှန်သေဆုံးခဲ့ရတဲ့ ကျေးရွာပြည်သူလူထု(၉)ဦးရှိပြီး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ကျေးရွာပြည်သူလူထု (၁၂)ဦးရှိခဲ့ကာ စစ်ကောင်စီက ဖမ်းဆီထားတဲ့ ပြည်သူဦးရေ(၃၄)ဦးနဲ့ စစ်ဘေးရှောင်နေရသူဦးရေ စုစုပေါင်း (၁၆၀၃၆)ဦး ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ မူးမြစ်ရေတက်လာလို့ ကျေးရွာ ၁၅ ရွာနဲ့ စစ်ရှောင်တဲတွေပါ ဘေးလွတ်ရာပြောင်းရွှေ့နေရကြောင်း ဝက်လက် ပကဖအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။