ဒီမိုကရေစီလိုလားသူများကို စစ်အာဏာရှင်အဖွဲ့အစည်းက ကွက်မျက်ခဲ့ခြင်းကို ရှုတ်ချကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်လိုက်သည်။
“ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော်တို့ကို ဆုံးရှုံးရခြင်းအတွက် မြန်မာပြည်သူများနှင့်အတူ မိမိတို့ ပူဆွေးသောကရောက်ရပါသည်။ ကျန်ရစ်သူမိသားစုများ၊ မိတ်ဆွေရောင်းရင်းများစွာနှင့်ထပ်တူ မိမိတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်မိပါသည်”ဟု အမေရိကန်သံရုံးက ယနေ့ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးကလည်း အထက်ပါမြန်မာ့ဒီမိုကရေစီသူရဲကောင်း ၄ ဦးအတွက် ဖယောင်းတိုင် ၄ တိုင်ထွန်းကာ ဝမ်းနည်းကြောင်းပြသသည်။