Connect with us

Hi, what are you looking for?

သတင်း

ဒီမိုကရေစီအရေးကြိုးပမ်းသူ ၄ဦးအားကွပ်မျက်ခဲ့သည့် မြန်မာစစ်တပ်ကို ဂျပန် ပြင်းထန်စွာရှုတ်ချ

“အာဏာသိမ်းမှုနောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံးရဲ့ မိသားစုတွေနဲ့အတူ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း ဂျပန်အနေနဲ့ ဖော်ပြလိုပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ဓာတ်ပုံ − BLOOMBERG
ဓာတ်ပုံ − BLOOMBERG

စစ်တပ်​၏လုပ်ဆောင်မှုများက ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို ပိုမိုအထီးကျန် စေမည်ဟု သတိပေး

ဒီမိုကရေစီအရေးကြိုးပမ်းသူ ၄ဦးကို ကွပ်မျက်ခဲ့သော မြန်မာစစ်တပ်​၏ လုပ်ဆောင်မှုများကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဂျပန်အစိုးရက အခိုင်အမာတောင်းဆိုထားသော ဖမ်းဆီးထိန်းသိမ်းထားသူ အားလုံးပြန် လွှတ်ပေးရေးနှင့် ဆန့်ကျင်စွာ စစ်တပ်​၏ လုပ်ဆောင်မှုများသည် ပဋိပက္ခကို ပိုမိုနက်ရှိုင်းစေပြီး တိုင်းပြည်ကို နိုင်ငံတကာအသိုင်းအဝန်းမှ ပိုမိုဖယ်ကြဉ်စေမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ ကွပ်မျက်မှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ
ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ကို စစ်ကောင်စီ ကွပ်မျက်မှု နိုင်ငံတကာ အသိုက်အဝန်း ရှုတ်ချ

“အာဏာသိမ်းမှုနောက်ပိုင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံးရဲ့ မိသားစုတွေနဲ့အတူ နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းကြေကွဲရကြောင်း ဂျပန်အနေနဲ့ ဖော်ပြလိုပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့အပြင် အာဏာသိမ်းစစ်တပ်အနေဖြင့် အကြမ်းဖက်မှုများ ချက်ချင်းအဆုံး သတ်ရန်၊ ဖမ်းဆီထိန်းသိမ်းထားသူများကို ပြန်လွှတ်ပေးရန်၊ ဒီမိုကရေစီနိုင်ငံရေး စနစ်ကို အမြန်ဆုံး ပြန်သွားရန်နှင့် အာဆီယံ ဘုံဆုံးဖြတ် ချက် ၅ ရပ်ကို အမြန်ဆုံးအကောင်အထည်ဖော်ရန် ဂျပန်က တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားအပါအဝင် အာဆီယံ​၏ မြန်မာ့အရေး ကြိုးပမ်း ဆောင်ရွက်ချက်များကို ဆက်လက်ထောက်ခံသွားမည်ဟုလည်း ဂျပန်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...