Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်မြို့နယ်တွင်KIA နှင့်စစ်​ကောင်စီတပ်တိုက်ပွဲတစ်​နေကုန်ဖြစ်​နေ

“လက်နက်ကြီးသံတွေကြားလို့အမေကသူ့ကလေးကိုရင်ခွင်ထဲ ပိုက်ပြီး ဝပ်နေတာ။ပေါက်ကွဲတဲ့နေရာကနေ လွင့်လာတဲ့ မိုင်းစက ကလေးနောက်စိကိုသွားထိတာ။ ဆေးကုသခဲ့ပေမယ့် ကလေးသေဆုံးသွားတယ်”ဟု မိုင်းနောင်ရွာဒေသခံတစ်ဦးကပြောသည်။

(တိုက်ပွဲဖြစ်၍ ​နေရပ်စွန့်ခွာထွက်​ပြေးလာ​သောစစ်​ဘေးဒုက္ခသည်များ။ ။ဓါတ်ပုံ-CJ)
(တိုက်ပွဲဖြစ်၍ ​နေရပ်စွန့်ခွာထွက်​ပြေးလာ​သောစစ်​ဘေးဒုက္ခသည်များ။ ။ဓါတ်ပုံ-CJ)

●စစ်တပ်ပစ်​သောလက်နက်ကြီးကျည်ထိ​သောက​လေးငယ်​ဆေးရုံတွင်ကွယ်လွန်

ကွတ်ခိုင်မြို့နယ်လွိုင်ဆမ်ဆစ်တောင်ခြေအနီးဝန်းကျင်တွင် ကေအိုင်အေနှင့် စစ်ကောင်စီတပ် တို့ယ​နေ့နံနက်အ​စောပိုင်းမှယနေ့ ညအထိတစ်​နေကုန်တိုက်ပွဲဖြစ်ပွား​နေသည်။

ထိုအပြင်ယ​နေ့နံနက်ပိုင်းတိုက်ပွဲတွင်စစ်ကောင်စီတပ်က ပစ်သော လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် အသကွ ၃ နှစ်အရွယ်ကလေးငယ် ဆေးရုံ၌သေဆုံးသွားခဲ့သည်။

လွိုင်ဆမ်ဆစ်တောင်ခြေအနီးမန်နောင်ကျေးရွာတွင် ယနေ့(ဇူလိုင် ၂၅ရက်) နံနက် ငါးနာရီခန့်ကစ၍တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီဘက်ကပစ်သောဘက်နက်ကြီးကျည်သည် နေအိမ်ခြံဝင်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်(၃)နှစ်အရွယ်ကလေးငယ်မှာမိုင်းစထိမှန်ခဲ့ပြီးဒဏ်ရာအပြင်းအထန်ရခဲ့​ကြောင်းဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

“လက်နက်ကြီးသံတွေကြားလို့အမေကသူ့ကလေးကိုရင်ခွင်ထဲ ပိုက်ပြီး ဝပ်နေတာ။ပေါက်ကွဲတဲ့နေရာကနေ လွင့်လာတဲ့ မိုင်းစက ကလေးနောက်စိကိုသွားထိတာ။ ဆေးကုသခဲ့ပေမယ့် ကလေးသေဆုံးသွားတယ်”ဟု မိုင်းနောင်ရွာဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော ကလေးငယ်သည် အသက်သုံးနှစ်အရွယ် တအာင်းတိုင်းရင်းသား ကလေးငယ်တစ်ဦးဖြစ်သည်။ မနက်ဖြန်(ဇူလိုင်လ ၂၆ရက်)နေ့လည်တွင်နာရေးပြုလုပ်မည်ဖြစ်သည်။

တိုက်ပွဲသည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တပ်ရင်း(၃၉) နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယနေ့ ညအထိ သေနတ်ပစ်ခတ်သံရော လက်နက်ကြီးသံများပါ ကြားနေရပြီး မန်နောင်ရွာ ဒေသခံများ​နေရပ်စွန့်ခွာထွက်​ပြေးတိမ်းရှောင်နေကြသည်။

မန်နောင်ကျေးရွာသည် မူဆယ်-ကွတ်ခိုင် ပြည်ထောင်စုလမ်းဘေးမှ ကျေးရွာဖြစ်၍ လမ်းပိုင်းအသုံးပြုမည့်ကားများ သတိပြုမောင်းနှင်ကြရန် ကွတ်ခိုင်မြို့ခံများက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။