Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင်ကျည်မှန်​နေ​သောက​လေးငယ်တစ်ဦးကိုကယ်ဆယ်ရန်ကြိုးစားရင်းPDFတစ်ဦးကျဆုံး

အကြမ်းဖက်စစ်တပ်သည် ကျည်ထိကလေးငယ်ကို မန်ကျီးကျေးရွာအရှေ့ရှိ​ရေအိုင်ပျက်ထဲပစ်ချခဲ့သဖြင့်ရေနစ်ပြီးသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ရှိ ကျေးရွာအချို့က ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ရှိ ကျေးရွာအချို့က ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

●​သေနတ်ကျည်မှန်ထား​သောက​​လေးငယ်ကို​စစ်သားများကရေအိုင်ထဲပစ်ချ၍​ရေနစ်​သေဆုံး၊က​လေးအ​လောင်းလာယူ​သောမိခင်၏ကားနှင့်လက်ဝတ်ရတနာများကိုပါလုယက်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်ကျည်ထိမှန်ထားသောကလေးငယ်ကို ကယ်ဆယ်ရန်ကြိုးစားသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး​ကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်တပ်သည်ယနေ့ (ဇူလိုင်လ၂၆ရက်)နံနက်ပိုင်းက ခင်ဦးမြို့နယ်၊ မန်ကျီးကျေးရွာ အတွင်းသို့ဝင်ရောက်မွှေ​နှောက်ပြီး လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

မန်ကျီးကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၃နှစ်အရွယ်ကလေးငယ်တစ်ဦးလက်မောင်းနှင့်ရင်ဘတ်တွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကာရွာသူရွာသားအချို့လည်း ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ရှိ ကျေးရွာအချို့က ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ထွက်ပြေးတိမ်းရှောင်နေရသော ခင်ဦးနယ်ရှိ ကျေးရွာအချို့က ပြည်သူများ။ ။ဓာတ်ပုံ- ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

ထိုကလေးငယ်အား ဆေးကုသနိုင်ရန်ကယ်ထုတ်ရန်ကြိုးစားခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ကျည်ထိကလေးငယ်ကို မန်ကျီးကျေးရွာအရှေ့ရှိ​ရေအိုင်ပျက်ထဲပစ်ချခဲ့သဖြင့်ရေနစ်ပြီးသေဆုံးသွားကြောင်းဒေသခံများကပြောသည်။

Public Service Announcement
Public Service Announcement

၎င်းကလေး၏မိခင်က ကလေးအလောင်းကို ကားဖြင့်လာယူရာ မိခင်ဖြစ်သူ၏ လက်ဝတ်ရတနာများကိုလည်းအကြမ်းဖက် စစ်ကောင်စီတပ်သားများက လုယက်ခဲ့ပြီး လူကိုလည်း ရိုက်နှက်နှိပ်စက်ကာ ကားကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ငယ် လက်မောင်းထိမှန်ခဲ့သောကလေးငယ်အား ဆေးကုသနိုင်ရန် ကယ်ထုတ်ခဲ့သော ကာကွယ်ရေးတစ်ဦး ကျဆုံးခဲ့သလိုကလေးငယ်ကိုပါ မူးထဲတွန်းချခဲ့သဖြင့်ရေနစ်သေဆုံးသွားခဲ့ပြီဟု ကနဦးသိရပါတယ်။”ဟု ခင်ဦးမြို့နယ်ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – Kurdaf က အသိပေးသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့နံနက် ၅နာရီခွဲဝန်းကျင်မှစတင်ကာ မန်ကျီးကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အနီးဝန်းကျင်ရှိ ကျေးရွာ၃ရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသည်။

ခင်ဦးမြို့နယ်ရှိကျေးရွာများအားအကြမ်းဖက်စစ်တပ်က နေ့စဉ်နီးပါးစစ်ကြောင်းထိုးနေ၍ ဒေသခံ ၅၀၀၀ကျော် ထွက်ပြေးနေရသည်။

ယမန်နေ့ကလည်း ခင်ဦးနယ် အရှေ့ခြမ်း၊ ရွာစဥ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအားအကြောင်းမဲ့မီးရှို့ခဲ့သောစစ်ကြောင်းသည်ယနေ့နံနက်ပိုင်းက ခြေမြစ်ကျဥ်း(မြောက်)ရွာရှိ ပြည်သူပိုင် နေအိမ်များအား မီးရှို့နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook