Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ် တံတားကြီးထိပ်ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကိုဝင်ပစ်ပြီး သွေးကြွေးတောင်း၊ စစ်ကောင်စီတပ်သား တစ်ဦးသေ

“ဂိတ်အတွင်း အနီးနားထိသွားပြီး ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကတည်းက ဆင်းသွားတာ ပစ်ခွင့်မသာလို့ ဒီနေထပ်ဆင်းပြီး လုပ်တာပါ”ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ရေးမြို့နယ်
ရေးမြို့နယ်

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ တံတားကြီးထိပ်မှ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ပြီး ကွပ်မျက်ခံရသူများအတွက် သွေးကြွေးတောင်းခဲ့ကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSROက ယနေ့(ဇူလိုင် ၂၇) အသိပေးထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်က ရေးမြို့ တံတားကြီးထိပ်မှ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း ဖော်ပြသည်။

“ဂိတ်အတွင်း အနီးနားထိသွားပြီး ပစ်ခတ်ခဲ့ပါတယ်။ မနေ့ကတည်းက ဆင်းသွားတာ ပစ်ခွင့်မသာလို့ ဒီနေထပ်ဆင်းပြီး လုပ်တာပါ”ဟု MSRO မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါစစ်ဆင်ရေးသည် ကိုဂျင်မီ၊ ကိုဇေယျာသော်နှင့် ကျဆုံးသူရဲကောင်းများအတွက် သွေးကြွေးပြန်တောင်းသည် Mission No.1 ဖြစ်ကြောင်းလည်း MSRO က အသိပေးသည်။

Public Service Announcement

Public Service Announcement

တံတားကြီးထိပ်မှ စစ်ဆေးရေးဂိတ်အားဝင်ရောက်ပစ်ခတ်တိုက်ခိုက်စဥ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြန်လည်ခုခံပစ်ခတ်နိုင်ခြင်းမရှိခဲ့ကြောင်း MSRO ထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

Facebook