Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး

အဆိုပါ စံရှား(ခ)ဟိန်းပြည်စုံသည် Civil People Defence Force(CPDF) အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးမြို့နယ်၏ တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်လက်ကိုင်တုတ်ဖြစ်သလို အမျို သားရေးအဖွဲ့တွင် ပါဝင်နေသူဖြစ်ကြောင်း ဖော်ပြသည်။

တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး
တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး

တော်လှန်ရေးရဲဘော်အယောင်ဆောင် စစ်ကောင်စီတပ်သတင်းပေး စံရှား(ခ)ဟိန်းပြည့်စုံဆိုသူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ၎င်းတို့နယ်မြေတွင် ဖမ်းဆီးထား ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကဃယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၈)အသိပေး ထုတ်ပြန်သည်။

အဆိုပါ စံရှား(ခ)ဟိန်းပြည်စုံသည် Civil People Defence Force(CPDF) အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးမြို့နယ်၏ တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်လက်ကိုင်တုတ်ဖြစ်သလို အမျို သားရေးအဖွဲ့တွင် ပါဝင်နေသူဖြစ်ကြောင်း ဖော်ပြသည်။

တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး
တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး

ထို့အပြင် စံရှားသည် စစ်ကောင်စီတပ်ကလက်သပ်မွေးထားသော ဟန်ငြိမ်းဦးထံ ပဲခူးမြို့မှ CDM ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များ၊ တော်လှန်ရေးအား ထောက်ပံ့နေသူများ၏ အချက်အလက်များကို စစ်ကောင်စီတပ်သို့ တိုက်ရိုက်သတင်းပို့ခြင်းများအား သက်သေရပြီး ဖြစ်ကြောင်း အသိပေးသည်။

၎င်းတာဝန်ခံအဖြစ်ဆောင်ရွက်သော CPDF ကို ၂၀၂၁တွင် စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး အင်အားစုများထံ အယုံသွင်းချဥ်းကပ်ခဲ့ကြောင်း ထောက်ပြသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ၎င်းသည် တော်လှန်ရေးရဲဘော်များ၏ ကိုယ်ရေးအချက်အလက် များကို အကြမ်းဖက် စစ်ကောင်စီထံ အစဥ်အမြဲ သတင်းပေးပို့ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စံရှား(ခ)ဟိန်းပြည့်စုံအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခု၏ အကူအညီဖြင့် ၎င်းတို့၏နယ်မြေတွင် ဖမ်းဆီးထားပြီး အရေးယူ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကာ တော်လှန်ရေး ရဲဘော်များနှင့် ပြည်သူများအနေဖြင့် CPDF နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

စစ်ရေးအောင်မြင်မှုတွေ ဘယ်လောက်ပဲရရှိနေပါစေ၊ ပြည်သူ့မေတ္တာနဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားရင် တော်လှန်ရေးဟာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးလိုက်ပါတယ်။