Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး

အဆိုပါ စံရှား(ခ)ဟိန်းပြည်စုံသည် Civil People Defence Force(CPDF) အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးမြို့နယ်၏ တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်လက်ကိုင်တုတ်ဖြစ်သလို အမျို သားရေးအဖွဲ့တွင် ပါဝင်နေသူဖြစ်ကြောင်း ဖော်ပြသည်။

တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး
တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး

တော်လှန်ရေးရဲဘော်အယောင်ဆောင် စစ်ကောင်စီတပ်သတင်းပေး စံရှား(ခ)ဟိန်းပြည့်စုံဆိုသူကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု၏ အကူအညီဖြင့် ၎င်းတို့နယ်မြေတွင် ဖမ်းဆီးထား ကြောင်း ပဲခူးမြို့နယ် ပြည်သူ့ကာကဃယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၈)အသိပေး ထုတ်ပြန်သည်။

အဆိုပါ စံရှား(ခ)ဟိန်းပြည်စုံသည် Civil People Defence Force(CPDF) အရပ်ဘက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပဲခူးမြို့နယ်၏ တာဝန်ခံတစ်ဦးဖြစ်ပြီး ၎င်းသည် စစ်တပ်လက်ကိုင်တုတ်ဖြစ်သလို အမျို သားရေးအဖွဲ့တွင် ပါဝင်နေသူဖြစ်ကြောင်း ဖော်ပြသည်။

တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး
တော်လှန်ရေးရဲဘော်အယောင်ဆောင်သတင်းပေးတစ်ဦးကို ဖမ်းဆီးထားပြီး အရေးယူသွားမည်ဟု ပဲခူး(ပကဖ) အသိပေး

ထို့အပြင် စံရှားသည် စစ်ကောင်စီတပ်ကလက်သပ်မွေးထားသော ဟန်ငြိမ်းဦးထံ ပဲခူးမြို့မှ CDM ဆရာ၊ ဆရာမများ၏ ကိုယ်ရေးအချက်အလက်များ၊ တော်လှန်ရေးအား ထောက်ပံ့နေသူများ၏ အချက်အလက်များကို စစ်ကောင်စီတပ်သို့ တိုက်ရိုက်သတင်းပို့ခြင်းများအား သက်သေရပြီး ဖြစ်ကြောင်း အသိပေးသည်။

၎င်းတာဝန်ခံအဖြစ်ဆောင်ရွက်သော CPDF ကို ၂၀၂၁တွင် စတင်ဖွဲ့စည်းခဲ့ပြီး တော်လှန်ရေး အင်အားစုများထံ အယုံသွင်းချဥ်းကပ်ခဲ့ကြောင်း ထောက်ပြသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ၎င်းသည် တော်လှန်ရေးရဲဘော်များ၏ ကိုယ်ရေးအချက်အလက် များကို အကြမ်းဖက် စစ်ကောင်စီထံ အစဥ်အမြဲ သတင်းပေးပို့ခဲ့သည်ဟု ဆိုသည်။

လက်ရှိတွင် စံရှား(ခ)ဟိန်းပြည့်စုံအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တစ်ခု၏ အကူအညီဖြင့် ၎င်းတို့၏နယ်မြေတွင် ဖမ်းဆီးထားပြီး အရေးယူ ဆောင်ရွက်နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကာ တော်လှန်ရေး ရဲဘော်များနှင့် ပြည်သူများအနေဖြင့် CPDF နှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

Federal Wings၏ ကိုယ်ပိုင်ဒီဇိုင်းအသစ်ဖြင့် ဒရုန်းများ အောင်မြင်စွာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်းလည်း အသိပေး ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

RPG တစ်လက်နှင့် RPG ဗုံးသီး ငါးခုကို ကျပ် သိန်း ၆၀ခန့်သာ ကုန်ကျခဲ့ကြောင်း၊ လိုအပ်ချက် အနည်းအငယ်ရှိသော်လည်း စစ်မြေပြင်၌ အဆင်ပြေစွာ အသုံးပြုနေကြောင်း ADPRA၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။