Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် စစ်ကောင်စီက ရိုက်နှက်စွန့်ပစ်ထားသည့် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကယ်ဆယ်ကုသပေး

စစ်ကောင်စီတပ်က ရိုက်နှက်ပြီး စွန့်ပစ်ထားသည့် လူငယ်တစ်ဦးကို မုံရွာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၉ရက်) နေ့လည်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့တွင်စစ်ကောင်စီတပ်က ရိုက်နှက်နှိပ်စက်ပြီးဒဏ်ရာများဖြင့် စွန့်ပစ်ထားသည့် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကယ်ဆယ်ပြီး ဆေးကုသပေးထားသည်။

စစ်ကောင်စီတပ်က ရိုက်နှက်ပြီး စွန့်ပစ်ထားသည့် လူငယ်တစ်ဦးကို မုံရွာမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၉ရက်) နေ့လည်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“စစ်တပ်ကရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့စွန့်ပစ်ထားတဲ့ကလေးတစ်ယောက်ကို ကျွန်တော်တို့ညီနောင်ရဲဘော်တွေ ကယ်ပေးထားပါတယ်။ဦးနှောက်ချို့ယွင်းတာလား၊ အကြောက်လွန်တာလား။ဘာမှမေးမရပါဘူးခင်ဗျာ။ အတက်ရောဂါရှိတဲ့အတွက် အတော်လေးကုထားပေးပါတယ်” ဟု ပြည်သူကာကွယ်ရေးရဲဘော်တစ်ဦးက လူမှုကွန်ရက်တွင် အသိပေးထားသည်။

အဆိုပါလူငယ်ငယ် အသက် ၁၅ဝန်းကျင်ခန့်ရှိပြီး မျက်နှာတွင်ပြင်းထန်သည့် ဒဏ်ရာများရရှိထားသည်။ နေရပ်သို့ပြန်ပို့ရန် မေးမြန်းရာ အတိအကျမပြောနိုင်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယင်းလူငယ်၏ မိသားစုများအနေဖြင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များထံ ဆက်သွယ်ရန် သတင်းထုတ်ပြန်ထားသည်။ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။