Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံ PDF တပ်ရင်း(၂) “လူထုသစ္စာအဓိဌာန်ပြုပွဲ”ပြုလုပ်

ယနေ့ (ဇူလိုင်၃၁ ရက်) နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုတစ် ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် မြင့်မြတ်စွာပေးဆပ်ခဲ့ကြသူများ၏ ဝိဉာဉ်တို့ကို တိုင်တည်၍ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြောင်း အသိပေးသည်။

ဓာတ်ပုံ - ဖယ်ခုံ PDF တပ်ရင်း(၂)
ဓာတ်ပုံ - ဖယ်ခုံ PDF တပ်ရင်း(၂)

“လူထုသစ္စာအဓိဌာန်ပြုပွဲ”ပြုလုပ်ခဲ့ကြောင်း ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ် တပ်ရင်း(၂) က ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်၃၁ ရက်) နံနက် ၁၀ နာရီ ၃၇မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုတစ် ရပ်လုံးနှင့်အတူ တော်လှန်ရေးတွင် မြင့်မြတ်စွာပေးဆပ်ခဲ့ကြသူများ၏ ဝိဉာဉ်တို့ကို တိုင်တည်၍ သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြောင်း အသိပေးသည်။

ကနဦးအနေဖြင့် တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူ အပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုသည်ဟု ဆိုသည်။

ထို့နောက် တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက် ပါမည်ဟု သစ္စာ အဓိဋ္ဌာန်ပြုပြီး တရားမျှတလွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့သည် ဤမြေ၌ တည်စေရန် ဆုတောင်းသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “တရားတဲ့သူသာ နိုင်ကြေးဟေ့ “ဟု သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြောင်း ဖော်ပြသည်။

လူထုသစ္စာအဓိဌာန်ပြုပွဲကို နိုင်ငံအနှံ့ပြုလုပ်ရန်ဆော်သြထားပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ပြည်သူများအနေဖြင့် သစ္စာအဓိဌာန် (၃)ရပ်ကို ရွတ်ဆိုပြီး မပြီးမြောက်သေးသော နွေဦးတော် လှန်ရေးအပေါ်တွင် သစ္စာအဓိဌာန်ပြုပြီး ပါဝင်ပေးကြပါရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။