Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ကို နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာ ၂၀ ထက်မနည်း​သေဟု က​လေးPDF ​ပြော

က​လေးမြို့နယ်တွင် သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်မှ ၃၀ ​​ကျော်​သေဆုံးခဲ့ ​ဒေသခံပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့ မှ ၃ ဦးကျဆုံးခဲ့သည်။

(က​လေးPDFဌာနချုပ်နှင့် တပ်ရင်း၁ ၊တပ်ရင်း ၆မှ တပ်ဖွဲဝင်များ။ ဓါတ်ပုံ-က​လေးPDF)
(က​လေးPDFဌာနချုပ်နှင့် တပ်ရင်း၁ ၊တပ်ရင်း ၆မှ တပ်ဖွဲဝင်များ။ ဓါတ်ပုံ-က​လေးPDF)

ကလေးမြို့တွင် စစ်ကောင်စီတပ်ကိုနှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ရာစစ်သား ၂၀ကျော်သေဆုံးခဲ့ကြောင်း PDF(ကလေး) က ယနေ့ထုတ်ပြန်သည်။

ကလေးမြို့ တွင်တာဟန်းရပ်ကွက်နှင့် ကလေးမြို့တောင်ပိုင်း၊ ချောင်းမြောင်းတံတားအနီးတို့တွင် PDF(ကလေး)က စစ်ကောင်စီတပ်အား ယ​နေ့(သြဂုတ် ၅) နှစ်ကြိမ်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။ သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် အကြမ်းဖက်စစ်တပ် ၃၀ ​ကျော်​သေဆုံးပြီး​နောက် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်။

ကလေးမြို့တာဟန်းရပ်ကွက်တွင် ကျန်စစ်သားလမ်းမှ တောင်ဖီလာရပ်ကွက်ကို ဦးတည်လာသည့် စစ်ကောင်စီတပ် ၏ကားနှစ်စီးကိုသြဂုတ် ၅ ရက်မနက် ၉နာရီခွဲခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ဦး​နေရာတင်ပွဲချင်းပြီးသေဆုံးခဲသည်။ကဖန် လေးဦးမှာလည်းဆေးရုံပို့စဉ်သေဆုံးခဲ့​​ကြောင်းPDF(ကလေး)ကအသိ​ပေးထားသည်။

(က​လေးPDFဌာနချုပ်နှင့် တပ်ရင်း၁ ၊တပ်ရင်း ၆မှ တပ်ဖွဲဝင်များ။ ဓါတ်ပုံ-က​လေးPDF)
(က​လေးPDFဌာနချုပ်နှင့် တပ်ရင်း၁ ၊တပ်ရင်း ၆မှ တပ်ဖွဲဝင်များ။ ဓါတ်ပုံ-က​လေးPDF)

မိုင်းဆွဲတိုက်ခိုက်ခံရပြီး​နောက်စစ်ကောင်စီတပ်က ရမ်းကားပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

အလားတူ ကလေးမြို့တောင်ပိုင်း၊ ကမ်းပါးနီတံတားအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည်ချောင်းမြောင်းတံတားဘက်သို့ အင်အား ၃၀ခန့်ဖြင့်စစ်ကြောင်းချီလာသည်။ အဆိုပါစစ်ကောင်စီတပ်သည်PDF(ကလေး)ထောင်ထားသည့် မိုင်းကို​တွေ့သဖြင့် ဖြုတ်နေစဉ် မိုင်းဆွဲတိုက်ခိုက်လိုက်​သောကြောင့် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရခဲ့သည်ဟုပါရှိသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ်ရာရသူများကို နံနက် ၁၀ခွဲခန့်တွင်စစ်တပ်က ရဟတ်ယာဉ်တစ်ဦးဖြင့် လာရောက်သွယ်ဆောင်သွားသည်ဟု ​ဖော်ပြထားသည်။

(က​လေးPDFဌာနချုပ်နှင့် တပ်ရင်း၁ ၊တပ်ရင်း ၆မှ တပ်ဖွဲဝင်များ။ ဓါတ်ပုံ-က​လေးPDF)
(က​လေးPDFဌာနချုပ်နှင့် တပ်ရင်း၁ ၊တပ်ရင်း ၆မှ တပ်ဖွဲဝင်များ။ ဓါတ်ပုံ-က​လေးPDF)

သာယာကုန်းရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က သာယာကုန်းရွာကို မီးရှို့ဖျက်ဆီးပြီး ပြည်သူ့ ၃ဦးကိုသတ်ဖြတ်သွားသည်။ ထို့အပြင် ပြည်သူ ၃၀ခန့်ကိုလည်း ဖမ်းဆီးထားသည်ဟု PDF(ကလေး)ကဆိုသည်။ ထိုအတူ ရာဇဂြိုလ်ကျေးရွာကို စစ်ကောင်စီတပ်များက ဩဂုတ် ၄ ရက်ဝင်ရောက်ပြီး ယနေ့ မနက်ပိုင်းတွင်း ကျေးရွာကိုမီးရှို့ဖျက်ဆီးကာ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့သည်ဟုလည်းသိရသည်။ သြဂုတ် ၄ ရက်က က​လေး-တမူးလမ်းတွင်စစ်​ကောင်စီတပ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး ​နေရာတွင်ပင် ၂၀ ခန့်​သေဆုံးပြီး​နောက်စစ်​ကောင်စီ တပ်က ရာဇဂြိုလ်ကျေးရွာကိုဝင်​ရောက်အကြမ်းဖက်​နေခြင်းဖြစ်သည်။

က​လေးမြို့နယ်တွင် သြဂုတ် ၃၊၄ ရက်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်မှ ၃၀ ​​ကျော်​သေဆုံးခဲ့ ​ဒေသခံပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်ဖွဲ့ မှ ၃ ဦးကျဆုံးခဲ့သည်။

ကလေးမြို့နယ်အတွင်း စစ်ရေးတင်မာနေခြင်းကြောင့် ပြည်သူများအနေဖြင့်သတိထားသွားလာကြရန်လည်းPDF(ကလေး)က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook