Connect with us

Hi, what are you looking for?

သတင်း

မြင်းမူနယ် လက်ပန်ကျင်းရွာတွင် ဒေသခံပြည်သူ ရှစ်ဦးသတ်ဖြတ်ခံရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ဦးကျဆုံး

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ - ဒေသခံ
ဓာတ်ပုံ - ဒေသခံ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ပန်ကျင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဒေသခံပြည်သူရှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ကြောင်း Myinmu Civil Revolution Force က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁ရက်က စတင်ပြီး လက်ပန်ကျင်းရွာ၌ အကြမ်းဖက်စစ်တပ်၏ ကုန်းကြောင်း၊ လေကြောင်းပစ်ခတ်မှုများကြောင့် လက်ပန်ကျင်းရွာ ပြည်သူ ခုနစ်ဦး ၊ ကန်ရင်းရွာ ပြည်သူတစ်ဦး စုစုပေါင်း ရှစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၀ဦး ကျဆုံးခဲ့ကြောင်း၊အော်တို (၈ ) လက် ၊ 79 (၁) လက် လည်း ဆုံးရှုံးခဲ့ကြောင်း Myinmu Civil Revolution Force က အသိပေးသည်။

ပြည်သူများ၏ ထောက်ပို့မှု လိုအပ်နေကြောင်း Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ်၁ရက် နံနက် ၁၁ နာရီဝန်းကျင်က လက်ပန်ကျင်းရွာကို ရဟတ်ယာဥ်ငါးစီးဖြင့် ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၂ရက် နံနက် ၁၀နာရီဝန်းကျင်ခန့်တွင် လက်ပန်ကျင်းကျေးရွာနှင့် အရာတော်မြို့နယ် တောင်အစပ်ကြား ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုနှစ်ရက်ဖြစ်စဥ်များအတွင်း ပြည်သူနှင့်ပြည်သူ့ရဲဘော်များ ကျဆုံးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာစာသင်ကျောင်းဝင်းအတွင်း၌ KG တန်းကလေး များ ကျောင်းသား၊ကျောင်းသူများ ဆရာ၊ဆရာမများနှင့် ကျေးရွာအတွင်းနေ ဒေသခံ ၁၀၀ကျော်ကိုလည်း နှစ်ရက်ကြာ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့သည်။

စစ်ကောင်စီတပ်သည် ကျောင်း၊ဓမ္မာရုံနှင့် ကျေးရွာဆေးပေးခန်းတို့ကိုလည်း ပစ်ခတ်ဖျက်ဆီးသွားခဲ့သည်။ ရွာအတွင်းရှိ နေအိမ်၁၅လုံးခန့်၊ ကား၊ ဆိုင်ကယ်များအား မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများ မွှေနှောက်ခိုးယူခြင်းများ ပြုလုပ်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့၍ စာသင်ကျောင်း အဆောက်အအုံ၌ တွေ့ရသည့် ကျည်ရာများနှင့် မီးရှို့ဖျက်ဆီးခံရသောနေအိမ်အချို့အား တွေ့ရစဥ်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။