Connect with us

Hi, what are you looking for?

သတင်း

ပျူစောထီးစခန်းအား PDFများတိုက်ခိုက်စစ်သား၅ဦးအပါအဝင်စစ်သားနှင့်ပျူ ၄၀ ခန့်​သေဟုမြိုင်ပကဖထုတ်ပြန်

ယမန်နေ့ သြဂုတ်လ ၆ရက်နေ့ နံနက် ၅ နာရီ ၁၅မိနစ်ခန့်က မြိုင်မြို့နယ်၊ တွင်းမပျူစောထီးစခန်းကို ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအလစ်ငိုက်ဖမ်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(မြိုင်ပကဖ တပ်ဖွဲ့ဝင်များစစ်အ​ခြေခံသင်တန်းတက်​ရောက်​နေစဥ်။)
(မြိုင်ပကဖ တပ်ဖွဲ့ဝင်များစစ်အ​ခြေခံသင်တန်းတက်​ရောက်​နေစဥ်။)

PDF ၃ ဦးကျဆုံးပြီး ၅ ဦးမစိုးရိမ်ရဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာရှိ ပျူစောထီးစခန်းအား ဒေသတွင်းအဖွဲ့များက ယမန်​နေ့တွင် ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူ ၃၈ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်၃ဦး ကျဆုံး​ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ သြဂုတ်လ ၆ရက်နေ့ နံနက် ၅ နာရီ ၁၅မိနစ်ခန့်က မြိုင်မြို့နယ်၊ တွင်းမပျူစောထီးစခန်းကို ​ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကအလစ်ငိုက်ဖမ်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်နှင့်ပျူများ အခြေချထားသော မြိုင်မြို့နယ် တွင်းမ​ကျေးရွာတွင် ၄င်းတို့၏အဖွဲ့များ စုံလင်ချိန် သိန်ကုန်းရွာဘုရားပွဲကျင်းပမည့်နေ့ရက်တွင် အကြမ်းဖက်စစ်တပ်နှင့်ပျူများ ဖိတ်ကြားထားကြောင်းသတင်းရရှိ၍ စစ်သားနှင့်ပျူများလူစုံ​ချိန်တွင် မဟာမိတ်အဖွဲ့များက စနစ်တကျ စီစဥ်၍အလစ်ငိုက်ဖမ်းတျုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်တပ်နှင့်ပျူ ၃၄ဦး နေရာတွင်ပင် ပွဲခြင်းပြီးသေဆုံးသွားသည်ဟု မြိုင်PDF ကအသိ​ပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုအပြင်စစ်ကူလာသည့် စစ်ကောင်စီနှင့် ပျူစောထီးများကိုလည်း လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ရာ ဆိုင်ကယ် ၇စီးအနက် ၃စီးမှာနေရာတွင် ပျက်စီးသွားပြီး အခြား ၄စီးမှာ ထွက်ပြေးသွားကြောင်း၊ ယင်းထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပစ်ခတ်ရာ ဆိုင်ကယ် ၂စီးသာ လွသွားပြီးတွင်းမစာသင်ကျောင်းထဲ ဝင်သွားကြောင်း ဖော်ပြခဲ့သည်။

ထပ်မံ၍ ပျူ​စောထီးစခန်းသိမ်းနိုင်ရန်ကြိုးစားသော်လည်း လေကြောင်း မြေပြင် စစ်ကြောင်းတို့ ရောက်လာ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မြိုင်ပကဖ ကပြောသည်။

ပျူသင်တန်းတက်နေသော ဖရဲသီး၏ သတင်းပေးမှု တိကျမှု အားနည်းချက်ကြောင့် သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ရဲဘော်၃ ဦး ကျဆုံးပြီး ၅ ဦးမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ ကပြောသည်။

တိုက်ပွဲဖြစ်ပွားမှု တစ်နာရီကျော်ကြာမြင့်ခဲ့ပြီးအတွင်းဖရဲသီး၏ သတင်းပေးပို့ချက်အရပခုက္ကူ ခလရ(၂၅၉)တပ်မှ စစ်ကောင်စီတပ်သား ၅ဦးနှင့်ပျူ​စောထီး​ခေါင်း​​ဆောင်အပါအဝင်အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ပျူ ၃၈ ဦး၊ ဒဏ်ရာရ ၂၇ ဦး ပခကဆေးရုံ ပို့ဆောင်ထားသည်ဟုလည်း​ဖော်ပြထားသည်။

မြိုင် ပကဖ တပ်ရင်း-၁ တပ်ရင်းမှုး ဗိုလ်လက်ယာက “ကျွန်တော့်ကလေးတွေ စိတ်ဓါတ်တော့ အရမ်းလေးစားပါတယ်ဗျာ ရင်ဘက် မှန်တော့ ကလေးက သေနတ်ပစ်ပေးတယ်။ ကူညီတဲ့ ကလေးက သေနတ်၂လက်ကိုင်ပြီး ထမ်းပြေးရင်းထိတော့ လူသာအ​သေခံမယ်။ သေနတ်မပါစေရဘူးဆိုပြီး အခြာ ရဲဘော်ဆီ ပြေးပေးရင်း လဲကျ​သေသွားတယ်ဗျာ။ ကျွန်တော့်စကားနားထောင်တာကတော့ ထိအောင်ပစ် ရအောင်ကောက် လွတ်အောင်ပြေး သင်ထားတာနဲ့ သေနတ်ကို အသက်ထက် တန်ဖိုးထားတာ ဝမ်းနည်းမိတယ်။”ဟု ပြောသည်။

ထိုတိုက်ပွဲ ကုန်ကျစရိတ် မြိုင်-ပကဖ တစ်ခုထဲပင် သိန်း ၈၀၀ ခန့်ကုန်ကျခဲ့ကြောင်း၊ ပြည်သူများ၏ ကူညီထောက်ပံ့မှု့ကြောင့် ယခုလို တိုက်ပွဲများ ဖော်ဆောင်နိုင်ခြင်းဖြစ်ပြီး တတ်နိုင်သည့်ဘက်မှ ကူညီထောက်ပံ့​ကြရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

အဆိုပါဖြစ်စဥ်အား မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊(တပ်ရင်း၁)က ဦးဆောင်၍ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PPDF) ၊ 3 in1တပ်ဖွဲ့၊ မိုးပျံရပ်ကျေးပခက၊ ပုံတောင်ညီနောင်တပ်ဖွဲ့၊မကွေးPDF၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ MUGDFတပ်ဖွဲ့ ၊ West Ayeyar Guerilla Force ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။