Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင်ကို သာယာဝတီခရိုင် PDF ရှင်းလင်း

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

(သာယာဝတီခရိုင် PDF မှ ပစ်ခတ်ရှင်းလင်းခဲ့သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းအား တွေ့ရစဥ်)
(သာယာဝတီခရိုင် PDF မှ ပစ်ခတ်ရှင်းလင်းခဲ့သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းအား တွေ့ရစဥ်)

ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(သြဂုတ် ၈)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

ရှင်းလင်းခံရသော အုပ်ချုပ်ရေးမှူး စိုးမင်းသည် လက်ပံတန်းမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် CDM ဝန်ထမ်းများအား စစ်တပ်နှင်ရဲကိုခေါ်၍ ဖမ်းဆီးခိုင်းသူ တစ်ဦးဖြစ်သည့်အပြင် စစ်ကောင်စီဝင်ငွေရစေမည့် မီတာခများကောက်ခံပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သူဖြစ်ကြောင်း ထောက်ပြသည်။

“အကြမ်းဖက်စစ်အုပ်စုအား စိတ်ရောကိုယ်ပါ အားပေးဆောင်ရွက်နေကြသည့် စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို အမြစ်ပြတ်ရှင်းလင်းသွားရန် ဇေယျာသော် စစ်တင်ရေးအနေဖြင့် တိုက်ခိုက်မှုများ စတင်နေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီထောက်တိုင်များအနီး သွား လာနေထိုင်ခြင်းကို လုံးဝ(လုံးဝ)မပြုလုပ်ဖို့လည်း ကြို တင်မေတ္တာရပ်ခံ အသိပေးအပ်ပါသည်”ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းသည် စစ်ကောင်စီထောက်တိုင်အဖြစ် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းတောင်ရုံမျှမက ပျူစောထီးအဖွဲ့ကိုလည်း ဦးဆောင်ဖွဲ့စည်းထားပြီး ပြည်သူလူထုအပေါ် အမျိုးမျိုးဒုက္ခပေးနေကြောင်း စိစစ်တွေ့ရှိရသဖြင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။