Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားရန် ထင်ရှားပြတ် သားသည့် ခြေလှမ်းများကို လျှောက်လှမ်းရမည်ဟု အာဆီယံကို NUG တိုက်တွန်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် ‘ကတိကဝတ်မရှိခြင်း’အပေါ် အလွန်စိတ်ပျက်မိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ်၊ဓာတ်ပုံ - Prak Sokhonn /FB
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ်၊ဓာတ်ပုံ - Prak Sokhonn /FB

အာဆီယံသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ အသံများကို နားထောင်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားရန် ထင်ရှားပြတ်သားသည့် ခြေလှမ်းများကို လျှောက်လှမ်းရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရလဒ်များအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားကို ယနေ့ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းနှင့် ပူးတွဲကြေညာချက်တွင် မြန်မာ့အရေး ထည့်သွင်းခဲ့ခြင်းအပေါ် ကြိုဆိုကြောင်းဖော်ပြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် ‘ကတိကဝတ်မရှိခြင်း’အပေါ် အလွန်စိတ်ပျက်မိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

သို့သော် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက်စစ်အုပ်စုတို့၏ ‘ကတိကဝတ်မရှိခြင်း’ မှာ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဖျက်ဆီးရန် တမင်ရည်ရွယ်သော နည်းဗျူဟာတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ ၊ အထူးသံတမန် အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ကောင်းစွာ သဘောပေါက်မည်ဟု NUG က ယုံကြည်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံအပေါ် ခိုင်မာသော အရေးယူဆောင်ရွက်မှုများချမှတ်နိုင်ရန်အတွက် အာဆီယံ၏ ဆုံးဖြတ်ချက်မချမီ အကြမ်းဖက်စစ်အုပ်စု၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင် အထည်ဖော်ခြင်းနှင့်ပတ်သက် ၍ တိုးတက်မှုကို ပြန်လည်အကဲဖြတ်ရန် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးအထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ချက်အပေါ် NUG က လွန်စွာစိုးရိမ်ပူပန်ကြောင်းလည်း ဖော်ပြသည်။

မြန်မာပြည်သူလူထု၏တရားဝင်အစိုးရအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံထားရသည့် NUG သည် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ကာ အကြမ်းဖက် စစ်အာဏာရှင်များ၏ လှုံ့ဆော်လျက်ရှိသည့် ဒေသတွင်း ယိုယွင်းပျက်စီးနေသော အကျပ်အတည်း အခြေအနေများကို ဖြေရှင်းရာတွင် ပါဝင်ကူညီပေးရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

ထို့အပြင် အာဆီယံပူးတွဲကြေညာချက်၏ တောင်းဆိုချက်နှင့်အညီ အမျိုးသားညီညွတ်ရေး အစိုးရသည် အာဆီယံ၏ အထူးသံတမန် Prak Sokhonn နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ နျူကလီးယား စစ်လက်နက်တွေ ဖျက်သိမ်းရေးကို တောင်းဆိုခဲ့တဲ့အတွက် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ကို မြောက်ကိုရီးယားက ဝေဖန်ထိုးနှက်ခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို