Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ကိုပို့တဲ့ မြေရှားသတ္တုတူးဖော်ရေးအလျင်အမြန်ကြီးထွားလာ

မြေရှားသတ္တုကို လျှပ်စစ်ကားတွေ ၊ စမတ်ဖုန်းတွေ ၊ လျှပ်စစ်လေရဟတ်တွေအပါအဝင် လျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ကိုပို့တဲ့ မြေရှားသတ္တုတူးဖော်ရေးအလျင်အမြန်ကြီးထွားလာ
မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ကိုပို့တဲ့ မြေရှားသတ္တုတူးဖော်ရေးအလျင်အမြန်ကြီးထွားလာ

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ မြေရှားသတ္တု တူးဖော်ရေးလုပ်ငန်းတွေ အလျင်အမြန်ကြီးထွားလာနေပြီး စင်ကာပူနိုင်ငံအကျယ်အဝန်းလောက်ရှိတဲ့ နယ်မြေမှာ တူးဖော်ရေးတွေကို လုပ်ကိုင်နေကြတယ်လို့ Global Witness က သြဂုတ်လ ၉ ရက်မှာအစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

ဒီအစီရင်ခံစာကို သဘာဝပတ်ဝန်းကျင်အရေးလေ့လာစောင့်ကြည့်နေတဲ့ ဗြိတိန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့ဟာ တရုတ်နယ်စပ်တလျောက်က မြန်မာဘက်ခြမ်းကို ၆ လကြာ လေ့လာစောင့်ကြည့်စုံစမ်းဖော်ထုတ်ပြီး နောက် ထုတ်ပြန်လာတာပါ။

မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ကိုပို့တဲ့ မြေရှားသတ္တုတူးဖော်ရေးအလျင်အမြန်ကြီးထွားလာ
မြန်မာနိုင်ငံမြောက်ပိုင်းမှာ တရုတ်ကိုပို့တဲ့ မြေရှားသတ္တုတူးဖော်ရေးအလျင်အမြန်ကြီးထွားလာ

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝေလံခေါင်သီတဲ့ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်တလျောက် မှာ မြေရှားသတ္တုလုပ်ကွက်အနည်းငယ်သာရှိပေမယ့် ဒီနှစ် မတ်လအတွင်း ဂြိုလ်တုကနေ ရိုက်ကူးရရှိတဲ့ပုံတွေအရ စင်ကာပူနိုင်ငံ တစ်ခုစာလောက် အကျယ်အဝန်းရှိတဲ့နေရာမှာ တူးဖော်ရေးလုပ်ကွက်ပေါင်း ၂၇၀၀ ကျော် ထိ တွေ့ရှိရတယ်လို့ Global Witness က ဆိုထားပါတယ်။

အခုလို သယံဇာတကို အကြီးအကျယ်တူးဖော်နေတာဟာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေပြီး တူးဖော်ရေးလုပ်ငန်းတွေရဲ့စွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံတွေရဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေလည်းရှိနေပါတယ်။

Public Service Announcement

Public Service Announcement

Global Witness ရဲ့ ဖော်ပြချက်အရ မြေရှားသတ္တုတူးဖော်ရေးဟာ စစ်ကောင်စီအပါအဝင် စစ်အုပ်စုနဲ့ ဆက်နွယ်နေတဲ့ ပြည်သူ့စစ် ခေါင်းဆောင်တွေ အတွက် အကျိုးစီးပွားဖြစ်ထွန်းနေတယ်လို့သိရပါတယ်။

အဓိက ဝယ်လက်ကတော့ တရုတ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာ မြေရှားသတ္တု အများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်လာပါတယ်။

မြေရှားသတ္တုကို လျှပ်စစ်ကားတွေ ၊ စမတ်ဖုန်းတွေ ၊ လျှပ်စစ်လေရဟတ်တွေအပါအဝင် လျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။