Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးကြောင့် လာမည့်နှစ်အတွင်း ဆန်စပါးပြတ်လပ်နိုင်၍ ဒေသတွင်း ဆန်နှင့်အခြားသီးနှံများအားသွန်ခွန်စိုက် စိုက်ပျိုးကြရန် KIO ဥက္ကဋ္ဌ မှာကြား

ယနေ့ (ဩဂုတ် ၁၀ရက်) ကျရောက်သည့် ကချင်အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့၌ ကျင်းပရာ KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် ယခုကဲ့သို့ မှာကြား ခြင်းဖြစ်သည်။

(ယနေ့ သြဂုတ်၁၀ ရက် ကျရောက်သည့် ကေအိုင်အို Share shagan Masat Nhtoi အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့ Sinpraw Majoi ခန်းမ၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ - The Kachin Net)
(ယနေ့ သြဂုတ်၁၀ ရက် ကျရောက်သည့် ကေအိုင်အို Share shagan Masat Nhtoi အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့ Sinpraw Majoi ခန်းမ၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ - The Kachin Net)

မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများတွင်း စစ်ဖြစ်ပွားနေ၍ စိုက်ပျိူးရေး လုပ်ငန်းများကို ယခင်နှစ်များ ကဲ့သို့ အားသွန်ခွန်စိုက်လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ပြီး ဆန်စပါး ပြတ်လပ်နိုင်မှုအပေါ် ကြိုတင်ပြင်ဆင်ကြရန် သတိပေးပြောကြားလိုက်သည်။

ယနေ့ (ဩဂုတ် ၁၀ရက်) ကျရောက်သည့် ကချင်အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့၌ ကျင်းပရာ KIO ဥက္ကဋ္ဌ ၏ မိန့်ခွန်းတွင် ယခုကဲ့သို့ မှာကြား ခြင်းဖြစ်သည်။

(ယနေ့ သြဂုတ်၁၀ ရက် ကျရောက်သည့် ကေအိုင်အို Share shagan Masat Nhtoi အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့ Sinpraw Majoi ခန်းမ၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ - The Kachin Net)
(ယနေ့ သြဂုတ်၁၀ ရက် ကျရောက်သည့် ကေအိုင်အို Share shagan Masat Nhtoi အာဇာနည်နေ့ အခမ်းအနားကို လိုင်ဇာမြို့ Sinpraw Majoi ခန်းမ၌ ကျင်းပနေစဥ်၊ ဓာတ်ပုံ – The Kachin Net)

“လာမည့်နှစ်များတွင် မြန်မာနိုင်ငံတဝှမ်း ဆန်ရေစပါး ပြက်လပ်ခြင်းနှင့် ကြုံတွေ့လာနိုင် တာကြောင့် မိမိတို့နေရာဒေသများတွင် ဆန်နှင့် အခြားသီးနှံများ စိုက်ပျိူးထုတ်လုပ်ခြင်းများ အားသွန်ခွန်စိုက် စိုက်ပျိူးကြရန် အလေးအနက် တိုက်တွန်းထားသည့်အပြင် ရရှိထားတဲ့ စားနပ်ရိက္ခာများကိုပါ ချွေတာကြရန်လည်း တိုက်တွန်းနိုးဆော်ထားပါတယ်”ဟု KIO ဥက္ကဋ္ဌ မိန့်ခွန်းပါ အချက်ကို KIO သတင်းနဲ့ ပြန်ကြားရေးဌာနက ဖော်ပြသည်။

ဗမာလူမျိူးကြီးဝါဒ ကြီးစိုးလာခဲ့သည်မှာ နှစ်ပေါင်း(၇၅)နှစ်တိုင် ရှိခဲ့ပြီဖြစ်၍ လူမျိူးကြီးဝါဒနှင့် အာဏာရှင်စနစ် ချူပ်ငြိမ်းရေးအတွက် ပူပေါင်းသင့် ပူးပေါင်းထိုက်သည့် အဖွဲ့အစည်းအားလုံးနှင့် လက်တွဲသွားရမည်ဖြစ်ကြောင်း KIOဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အခမ်းအနားတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိူးသားညီညွှတ်ရေးအစိုးရ(NUG) နှင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်တို့မှ ပေးပို့တဲ့သဝဏ်လွှာများကို ဖတ်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကို တိုက်ခိုက်ရင်း ရှေ့တန်းစစ်မြေပြင်၌ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပေးဆပ်ခဲ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲဘော်သုံးဦး၏ မင်္ဂလာပွဲကို စုပေါင်း၍ အခမ်းအနားကျင်းပခဲ့သည်ဟု KIO/KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ပြည်သူ့တော်လှန်ရေး၏မဟာဗျူဟာဦးတည်ချက် (၆)ချက် ရရှိနိုင်ရန် မဟာဗျူဟာ နည်းလမ်း (၆)ခုကိုသတ်မှတ် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း NUGက ယနေ့ (ဧပြီ ၃၀ရက်)တွင် ထပ်မံ ထုတ်ပြန်သည်။

သတင်း

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသောတိုက်ပွဲများ ဟင်္သာတခရိုင်အတွင်းရောက်ရှိနေပြီဖြစ်၍ စစ်ရေးသတိပြင်ဆင်ထားကြရန်နှင့် ရောက်ရှိလာသော စစ်ဘေးရှောင်များအား ကူညီကြရန် မြို့ခံများနှင့် ဟင်္သာတမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က တိုက်တွန်းထားသည်။

သတင်း

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာနေသောဒေသများ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ကျုံပျော်မြို့တွင် စစ်ကောင်စီလက်အောက်ခံရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ​သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံလိုက်ရသည်။

Facebook