Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်ရှိ TNLA တပ်စခန်းတစ်ခုကို စစ်ကောင်စီတိုက်ခိုက်

စစ်ကောင်စီ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများမှာ ပန်စုံကျေးရွာအနီးတွင် ၈ လုံး၊ ကျေးရွာအတွင်း ၂ လုံးကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူလူထု၏ နေအိမ် (၂)ထိလုံး မှန်ခဲ့သည်ဟု ဖော်ပြထားသည်။

(TNLA ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA)
(TNLA ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - TNLA)

တအာင်းတပ်မတော် (TNLA) တပ်မဟာ (၁)စစ်ဒေသ မူဆယ်မြို့နယ်၊ ပန်စုံကျေးရွာအနီးရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ယမန်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

သြဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် လုံကျန်တောင်ရှိ စစ်​ကောင်စီတပ်က TNLA တပ်စခန်းအား လက်နက်ကြီး (၁၀) လုံး ၊ လက်နက်ငယ် အများအပြား ပစ်ခတ်ခဲ့သည်ဟု ဖော်ပြသည်။

စစ်ကောင်စီ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးများမှာ ပန်စုံကျေးရွာအနီးတွင် ၈ လုံး၊ ကျေးရွာအတွင်း ၂ လုံးကျရောက်ပေါက်ကွဲပြီး အရပ်သားပြည်သူလူထု၏ နေအိမ် (၂)ထိလုံး မှန်ခဲ့သည်ဟု ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်လာမှုနှင့် ပတ်သတ်ပြီး မေးမြန်းရန် TNLA ထံသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။