Connect with us

Hi, what are you looking for?

သတင်း

နမ္မတူတွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် စစ်ကောင်စီ ထုတ်ကုန်များကို TNLA စစ်ဆေးဖမ်းဆီး

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်များရောင်းချစားသုံးခြင်း မပြုရန် အမိန့်စာကို ၂၀၂၁ ဇွန်လတွင် ဖြန့်ဝေခဲ့ပြီး အခြားဒေသများ၌လည်း ဖမ်းဆီး စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။

မူးယစ်ဆေးဝါးများနှင့် စစ်ကောင်စီထုတ်ကုန်များ TNLA တပ်သားများက စစ်ဆေးနေစဉ်၊ ဓာတ်ပုံ - TNLA

ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူနှင့် စစ်ကောင်စီထုတ်ကုန် များကို စစ်ဆေးဖမ်းဆီးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

TNLA တပ်မဟာ (၄) စစ်ဒေသ နမ္မတူမြို့နယ်၊ ပန်ချင်အုပ်စု၊ လုပ်လေကျေးရွာတွင် လားရှိုး နှင့် နမ္မတူအကြား ဖြတ်သန်းသွားလာသည့် ကား နှင့် ဆိုင်ကယ်များကို PSLF/TNLA အုပ်ချုပ်ရေးဌာနက သြဂုတ် ၈ ရက်တွင် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ အချိန် ၉နာရီ ကြာမြင့်ခဲ့ပြီး မူးယစ်ဆေးဝါးသုံးစွဲသူ ငါးဦး နှင့် စကစထုတ်ကုန် ABC Bier (၂) ဖာ၊ Tiger Bier (၂) ဖာ၊ Speed ချိုရည် (၆)ကဒ် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

တအာင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး နှင့် စစ်ကောင်စီ ထုတ်ကုန်များ ရောင်းချစားသုံးခြင်း တားဆီးနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

TNLA အနေဖြင့် စစ်ကောင်စီထုတ်ကုန်များရောင်းချစားသုံးခြင်း မပြုရန် အမိန့်စာကို ၂၀၂၁ ဇွန်လတွင် ဖြန့်ဝေခဲ့ပြီး အခြားဒေသများ၌လည်း ဖမ်းဆီး စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။