Connect with us

Hi, what are you looking for?

သတင်း

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ကရင်တော်လှန်ရေး အင်အားစုများနှင့် လက်တွဲဆောင်ရွက်မည်ဟု NUG ပြော၊ ကရင်အာဇာနည်နေ့ သို့ သဝဏ်လွှာပေးပို့

စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရသည့် ဒုက္ခများ ပြေလည် စေရန်ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း NUG ကာကွယ်ရေးဝန် ကြီးဌာနက ဖော်ပြသည်။

(၇၂)နှစ်မြောက်‌ ကရင့်အာဇာနည်နေ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇)ဌာနချုပ်(ကလို့ယော်လေး)၌ ကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU
(၇၂)နှစ်မြောက်‌ ကရင့်အာဇာနည်နေ့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ(၇)ဌာနချုပ်(ကလို့ယော်လေး)၌ ကျင်းပနေစဉ်၊ ဓာတ်ပုံ - KNU

ကရင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ကျရောက်သော ကရင်အာဇာနည်နေ့၌ သဝဏ်လွှာပေးပို့သည်။

ယနေ့(ဩဂုတ် ၁၂ ရက်)သည် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နှင့်တကွ ကရင်ခေါင်းဆောင်များ ကျဆုံးခဲ့သည့် (၇၂) နှစ်မြောက် ကရင်အာဇာနည်နေ့ ဖြစ်ပြီး ကရင်လူမျိုးတို့၏ သမိုင်းနှင့် ကရင်တော်လှန်ရေး သမိုင်းတွင် မေ့ပျောက်၍မရသော အောက်မေ့ဖွယ်နေ့ရက်ဖြစ်ကြောင်း ဖော်ပြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကျော်မှစ၍ လက်ရှိ နွေဦးတော်လှန်ရေးအထိ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် စွန့်လွှတ်အနစ်ခံပြီး ဦးဆောင် တိုက်ပွဲဝင်လျက်ရှိသည့် KNU/KNLA အတွက် များစွာ လေးစားဂုဏ်ယူကြောင်းလည်း NUG က ဖော်ပြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း ကရင်အာဇာနည်နေ့သို့ လေးစားစွာဖြင့် ဦးညွှတ်ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူများခါးစည်းခံနေရသည့် ဒုက္ခများ ပြေလည် စေရန်ကရင်အမျိုးသားများနှင့်လက်တွဲညီညီဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း NUG ကာကွယ်ရေးဝန် ကြီးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။