Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်း ရန်ကုန် – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရ

ဝမ်းတွင်းဘက်မှ စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကား၃စီးထွက်လာပြီး မိုင်းဆွဲခံရသည့်နေရာအား စစ်ဆေးခဲ့ကြောင်း၊ လူနာတင်ကားများလည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)
(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ဝမ်းတွင်းမြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၁၃ရက်) နံနက်၉နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး ဖြတ်သန်းလာစဥ် တစ်စီးတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က မောင်းပြေးသွားရင်း ရမ်းသမ်းပစ်ခတ်ရာ ဘုရားစုရွာအနီး၌ ကားလမ်းဘေးလမ်းလျှောက်နေသောပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း Voice Of wundwin က ရေးသားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Wundwin Township Revolution Force အဖွဲ့ တာဝန်ရှိသူက”​ွေးကား အယောက်၄၀ကျော်လောက်ပါတဲ့ကားကြီး ၂စီး ကိုရှေ့အစီးကို လွှတ်ပေးလိုက်ပြီးနောက်ကအစီးကိုဆွဲလိုက်တာ။ နောက်ကအစီးအတော်လေးထိသွားတယ်။ အပြင်းစားမို င်း၂လုံးညှပ်ဆော်လိုက်တာ။ မိုင်းဆွဲတဲ့ဘက်မှာထိုင်တဲ့အနောက်ဘက်တစ်တန်းလုံးက ​ွေး၂၀လောက်ကတော့ အရှေ့ဘက်ကိုထိုးလဲကျကုန်တာ။ သတင်းကတော့ အသေများမယ် တိတိကျကျတော့အချက်အလက်မရသေးဘူး။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကားအား တိုက်ခိုက်ခဲ့ပြီးနောက် မိနစ်ဝက်ခန့်အကြာတွင် ရှေ့ကားပေါ်မှ အချက်၂၀ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု WTRFက ဆိုသည်။

ဝမ်းတွင်းဘက်မှ စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကား၃စီးထွက်လာပြီး မိုင်းဆွဲခံရသည့်နေရာအား စစ်ဆေးခဲ့ကြောင်း၊ လူနာတင်ကားများလည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။