Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်း ရန်ကုန် – မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီယာဥ်တစ်စီး တိုက်ခိုက်ခံရ

ဝမ်းတွင်းဘက်မှ စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကား၃စီးထွက်လာပြီး မိုင်းဆွဲခံရသည့်နေရာအား စစ်ဆေးခဲ့ကြောင်း၊ လူနာတင်ကားများလည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)
(၂၀၂၁ ဖေဖော်ဝါရီ ၂၈ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် လူထုကို ဖြိုခွင်းရန် ရောက်လာသည့် စစ်ကားအား တွေ့ရစဉ်၊ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်ဝမ်းတွင်းမြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်းတွင် စစ်ကောင်စီယာဥ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၁၃ရက်) နံနက်၉နာရီခွဲခန့်က ဝမ်းတွင်းမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် စစ်ကောင်စီယာဥ်နှစ်စီး ဖြတ်သန်းလာစဥ် တစ်စီးတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က မောင်းပြေးသွားရင်း ရမ်းသမ်းပစ်ခတ်ရာ ဘုရားစုရွာအနီး၌ ကားလမ်းဘေးလမ်းလျှောက်နေသောပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း Voice Of wundwin က ရေးသားသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Wundwin Township Revolution Force အဖွဲ့ တာဝန်ရှိသူက”​ွေးကား အယောက်၄၀ကျော်လောက်ပါတဲ့ကားကြီး ၂စီး ကိုရှေ့အစီးကို လွှတ်ပေးလိုက်ပြီးနောက်ကအစီးကိုဆွဲလိုက်တာ။ နောက်ကအစီးအတော်လေးထိသွားတယ်။ အပြင်းစားမို င်း၂လုံးညှပ်ဆော်လိုက်တာ။ မိုင်းဆွဲတဲ့ဘက်မှာထိုင်တဲ့အနောက်ဘက်တစ်တန်းလုံးက ​ွေး၂၀လောက်ကတော့ အရှေ့ဘက်ကိုထိုးလဲကျကုန်တာ။ သတင်းကတော့ အသေများမယ် တိတိကျကျတော့အချက်အလက်မရသေးဘူး။”ဟု ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထိုစစ်ကားအား တိုက်ခိုက်ခဲ့ပြီးနောက် မိနစ်ဝက်ခန့်အကြာတွင် ရှေ့ကားပေါ်မှ အချက်၂၀ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု WTRFက ဆိုသည်။

ဝမ်းတွင်းဘက်မှ စစ်ကောင်စီတပ်သားများလိုက်ပါလာသော ကား၃စီးထွက်လာပြီး မိုင်းဆွဲခံရသည့်နေရာအား စစ်ဆေးခဲ့ကြောင်း၊ လူနာတင်ကားများလည်း ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။