Connect with us

Hi, what are you looking for?

သတင်း

ရသေ့တောင်တွင် AAနှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟု ဒေသခံပြော

ရခိုင်ဒေသတွင် စစ်ရေးတင်းမာနေ၍ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

ရသေ့တောင်တွင် AAနှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟု ဒေသခံပြော
ရသေ့တောင်တွင် AAနှင့် တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်သေဆုံးထိခိုက်များဟု ဒေသခံပြော

အရပ်သားအချို့ ထိခိုက်သေဆုံးမှုရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်နှင့် မောင်တော်မြို့နယ် အစပ်တစ်နေရာ တွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့နံနက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက် များပြားကြောင်း ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ဩဂုတ် ၁၃ရက် နံနက်က မောင်တော – အငူမော်ကားလမ်းနှင့် မယူတောင်တန်း အကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး AA တပ်စခန်းရှိရာဘက်သို့ စစ်ကောင်စီ တပ်များ ဝင်ရောက်ရာ AAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ထိခိုက်ကျဆုံးတာက စစ်တပ်ဘက်က ၃၀နီးပါး ကျတယ်လို့ ပြောတယ်။ အရှင် ကတော့ ၄ယောက် ဖမ်းရတယ်လို့ ပြောတယ်။ အချို့ စစ်တပ်ဘက်က ကျတဲ့အလောင်းတွေက ကားလမ်းတွေနဲ့ ကားလမ်းဘေး တွေမှာ အခုထိရှိသေးတယ်လို့ ပြောတယ်”ဟု ရခိုင်ဒေသခံ တစ်ဦးက ယနေ့မွန်းလွဲပိုင်း၌ ပြောသည်။

လက်ရှိတွင် ဘူးသီးတောင် ၊ မောင်တောမှ စစ်တွေလာသည့် ကားများနှင့် စစ်တွေမှ လာသည့် ကားများ ပိတ်မိနေပြီး မောင်တောမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရသေ့တောင်ရှေ့မှာ ရပ်ထားတဲ့ စစ်တပ်က စစ်သင်္ဘော ၂စီးက တစ်စီးလာပြီး အဲဒီကနေ လက်နက်ကြီးတွေ ပစ်နေတယ်လို့ ပြောတယ်။ နောက်ပြီး စစ်တပ်ဘက်က စစ်ကူလာတယ်လို့ ပြောတယ်။ စစ်တပ်ဘက်က အဲဒီနေရာကို အင်အားဖြည့်လာတယ်ဆိုရင် တိုက်ပွဲက ဆက်ဖြစ်မှာပဲ။အဲဒီနားမှာ AAက ရာနဲ့ချီပြီးတော့ စခန်းချ တပ်စွဲထားတာ ကြာပြီလေ”ဟု ၎င်းက ဆိုသည်။

ယခု တိုက်ပွဲဖြစ်ပွားရာဒေသသည် စစ်ရေးအရ အရေးပါသည့် ဒေသဖြစ်ပြီး စစ်ကောင်စီနှင့် AA တို့က ယခင်ကတည်းက အင်အားဖြည့်တင်းထားခြင်း ဖြစ်သည်ဟု ဒေသခံက ပြောသည်။

ထို့ပြင် ယနေ့ တိုက်ပွဲ၌ AA ဘက်ကလည်း လက်နက်ကြီးအသုံးပြု တိုက်ခိုက်မှု များ ရှိသည်ဟု ဆိုသည်။

“အခုဖြစ်တဲ့နေရာက ဗျူဟာအရ အရေးကြီးတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီနေရာက မောင်တော ၊ ရသေ့တောင် -စစ်တွေ အဲဒီကို ဆက်သွယ်ထားတဲ့ ကားလမ်းရဲ့ အဓိက ကျတဲ့နေရာတွေ ပါတယ်” ဟု ဒေသခံက ပြောသည်။ နယ်စပ်ကုန်သွယ်ရေး၊ စစ်ရေးဗျူဟာနှင့် လမ်းပမ်းဆက်သွယ်ရေးအတွက် အရေးကြီးသည်သည့် ဒေသဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးရှိခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“ တစ်ယောက်တော့ အတည်ပြုလို့ ရတယ်။ ဒါပေမဲ့ တချို့ပြောတာက နှစ်ယောက်လို့ပြောတယ်။ တစ်ယောက ဖြစ်နေတဲ့ တိုက်ပွဲကြားမှာ ပါသွားတာ နွားကျောင်းနေတဲ့ ဒေသခံတစ်ယောက်။ နောက်တစ်ယောက်က ကျရင် ဆိုင်ကယ်နဲ့ လာရင်း ဘယ်ဘက်က ပစ်လိုက်မှန်းမသိဘူး ပစ်လိုက်တဲ့ ကျည်ဆံထိသွားတယ်လို့ ပြောတယ်။” ဟု ဒေသခံက ပြောသည်။

ရခိုင်ဒေသတွင် စစ်ရေးတင်းမာနေ၍ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြီးခဲ့သည့်ရက်ပိုင်းကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

AAနှင့် စစ်ကောင်စီတပ်တို့သည် ၂၀၁၈ နှစ်ကုန်ပိုင်းမှ ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ရခိုင်ဒေသ၌ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ရွေးကောက်ပွဲကာလတွင် အပစ်ရပ်စဲရန်နှုတ်အားဖြင့် သဘောတူညီခဲ့ပြီး တိုက်ပွဲများ ရပ်တန့်နည်းပါးသွားရာ ပြီးခဲ့သည့် လအနည်းငယ်မှ စ၍ မောင်တော၊ ပလက်၀ ဒေသတို့၌ တိုက်ပွဲပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်နဲ့ရခိုင်ပြည်နယ်ကို ကြည်းရေလေစစ်ဆင်ရေးနဲ့ ထိုးစစ်ဆင်​ပေမယ့် ဧရာဝတီမြစ်​ကြောင်းတိုက်ပွဲမှာစစ်ရှုံးခဲ့ပြီး​နောက်အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဗိုလ်ချုပ်ကြီးကိုကိုဦး ကိုပြည်ထဲရေးဝန်ကြီးအဖြစ် အရပ်ဖက်ရာထူးပူးတွဲခန့်အပ်လိုက်ပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။