Connect with us

Hi, what are you looking for?

သတင်း

မုန်းမှာ စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တဲ့အပြင် ငွေပါသိမ်းယူနေတယ်လို့ KNU ထုတ်ပြန်

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ဥသျှစ်ခင်ကျေးရွာအရှေ့ဘက်ရှိ ဒေသခံပြည်သူလူထု သွားလာရေးအတွက် ဆောက်လုပ်ထားတဲ့ တံတားကိုချိုးဖျက်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-မူးမြို့နယ် ငလောက်တက်ကျေးရွာနဲ့ သူဌေးကုန်းကျေးရွာထဲမှာ စခန်းချနေရာယူထားတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

မုန်းမှာ စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တဲ့အပြင် ငွေပါသိမ်းယူနေတယ်လို့ KNU ထုတ်ပြန်
မုန်းမှာ စစ်တပ်က ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တဲ့အပြင် ငွေပါသိမ်းယူနေတယ်လို့ KNU ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူး(မုန်း)မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တဲ့အပြင် ပိုက်ဆံတွေကိုလည်း သိမ်းယူသွားခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဩဂုတ်(၁၃)ရက် မနက်(၁၀)နာရီအချိန်က ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မူးမြို့နယ်အတွင်းက အသက်(၄၀)အရွယ် အောင်းလောင်းစိန်ရွာသားတစ်ဦးနဲ့ အသက်(၁၇)နှစ်အရွယ် နောင်ဘိုကျေးရွာသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

အဲ့ဒီနောက် အောင်းလောင်းစိန်ရွာသားကို စစ်ကောင်စီတပ်က ရိုက်နှက်ထိုးကြိတ်တဲ့အပြင် ငွေကျပ်(၃၀၀၀၀)ကိုလည်း သိမ်းယူခဲ့ကာ မွန်းလွဲ(၂)နာရီမှာ ပြန်လွတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒါ့အပြင် ဩဂုတ်(၁၃)ရက်နေ့ ညနေ(၆)နာရီအချိန်မှာ ဥသျှစ်ခင်ကျေးရွာသာတစ်ဦးကို ဖမ်းဆီးခဲ့ပြီး အခုအချိန်အထိ ပြန်လွတ်မပေးသေးဘူးလို့ ကေအဲန်ယူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲ့ဒီနောက် စစ်ကောင်စီတပ်တွေဟာ ဥသျှစ်ခင်ကျေးရွာအရှေ့ဘက်ရှိ ဒေသခံပြည်သူလူထု သွားလာရေးအတွက် ဆောက်လုပ်ထားတဲ့ တံတားကိုချိုးဖျက်ခဲ့ပြီး လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-မူးမြို့နယ် ငလောက်တက်ကျေးရွာနဲ့ သူဌေးကုန်းကျေးရွာထဲမှာ စခန်းချနေရာယူထားတယ်လို့ ကေအဲန်ယူထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ကေအဲန်ယူ-မူးမြို့နယ်ထဲက ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်တာ၊ ဒေသခံပြည်သူလူထုတွေကိုခြောက်လှန့်တာ၊ ဖမ်းဆီးထိုးကြိတ်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြလို့ ဒေသခံပြည်သူလူထုတွေဟာ ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နေအိမ်ကိုမပြန်ရဲတာကြောင့် စစ်ကောင်စီတပ်ဟာ ရွာအတွင်းကိုဝင်ရောက်ကာ ဒေသခံရွာသားတွေရဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်စားပစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ပြည်သူလူထုတွေဟာ အစားအသောက်အစာရေစာ ဖူလုံမှုမရှိတာ၊ ရောဂါဘယထူပြောတာနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက် ကေအဲန်ယူ-မူးမြို့နယ်ရှိ ခေါင်းဆောင်တွေက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထုထံသွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားတာ၊ လိုအပ်တဲ့ဆေးဝါးရိက္ခာတွေနဲ့ အခြေခံစားသောက်ကုန်တွေကို ကူညီပေးအပ်တာတွေ လုပ်ဆောင်ပေးကြတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။