Connect with us

Hi, what are you looking for?

သတင်း

ပြည်ပရောက် မြန်မာလုပ်သားများ OERC ကတ် လျှောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်မည့် ကိုယ်စားလှယ်များစာရင်း မကြာမီထုတ်ပြန်မည်ဟု NUG အသိပေး

“သို့​​ဖြစ်ပါ၍ ဝန်ကြီးဌာန၏ လမ်းညွှန်ထုတ်ပြန်ချက်များအတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်​ခြင်းဖြင့် ကူညီ​ပေးစေလိုကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါ သည်”ဟု ဖော်ပြသည်။

ထိုင်းရောက်မြန်မာလုပ်သားများ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - People's Spring
ထိုင်းရောက်မြန်မာလုပ်သားများ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာသံရုံးရှေ့၌ ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - People's Spring

ပြည်ပနိုင်ငံအသီးသီးသို့ရောက်ရှိနေသော မြန်မာလုပ်သားများ ပြည်ပအလုပ်အကိုင် အသိအမှတ် ပြုကတ်(OERC) ကတ်လျှောက်ထားရေးနှင့် ပူးပေါင်းဆောင်ရွက်မည့် အဖွဲ့အစည်းနှင့် ကိုယ်စားလှယ်များစာရင်း မကြာမီထုတ်ပြန်မည်ဟု NUG အသိပေး မကြာမီထုတ်ပြန်မည်ဟု NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ယနေ့(သြဂုတ် ၁၅)တွင် အသိပေးထုန်ပြန်သည်။

“သို့​​ဖြစ်ပါ၍ ဝန်ကြီးဌာန၏ လမ်းညွှန်ထုတ်ပြန်ချက်များအတိုင်း စနစ်တကျ ပူးပေါင်းဆောင်ရွက်​ခြင်းဖြင့် ကူညီ​ပေးစေလိုကြောင်း မေတ္တာရပ်ခံ အသိပေးအပ်ပါ သည်”ဟု ဖော်ပြသည်။

NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများထံမှ အလုပ်အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ ပြည်ပအလုပ်အကိုင် အသိအမှတ်ပြုကတ် (OERC)ထုတ်ပေးခြင်းနှင့် ယင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မည့် အဖွဲ့အစည်းများနှင့် နိုင်ငံအလိုက်ကိုယ်စားလှယ်စာရင်းများကို မကြာမီထုတ်ပြန်ပေးမည်ဟု ဆိုသည်။

လက်ရှိတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆိုပါ လုပ်ငန်းစဉ်များအတွက် ကိုယ်စားလှယ်အဖြစ် အတည် ပြုခန့်အပ်တာဝန်ပေးထားခြင်းမရှိသေးဘဲ ကူညီဆောင် ရွက်ပေးမည့် OERC ကိုယ်စားလှယ်များအမည်စာရင်း အပါအဝင် စစ်တမ်းဖြေဆိုပုံနှင့် ကတ်လျှောက် ထားမှု လမ်းညွှန်များ၊ လုပ်ငန်းစဉ် အသေးစိတ်အချက်အလက်များကို ဝန်ကြီးဌာနက မကြာမီ တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော်နိုင်ရေး၊ တစ်စုံတစ်ဦးသို့မဟုတ် အဖွဲ့အစည်း တစ်ခုခုက သဘောရိုးဖြင့် မဟုတ်ဘဲ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများ မဖြစ်ပေါ်စေရေးနှင့် အလုပ်သမားများ နစ်နာမှု တစ်စုံ တစ်ရာမဖြစ်စေရေးအတွက် ကူညီဆောင်ရွက်ပေးမည့် OERC ကိုယ်စားလှယ်များ ခန့်အပ်တာဝန်ပေးနိုင်ရန် ဝန်ကြီးဌာနမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ ကွန်ရက်MMWC (မလေးရှား) အပါအဝင် ပူးပေါင်းဆောင်ရွက် နိုင်မည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်သည်ဟု ဖော်ပြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ဆောင်ရွက်မည့် ပြည်ပအလုပ် အကိုင်ဆိုင်ရာ စစ်တမ်းကောက်ယူခြင်း၊ OERC ကတ်လျှောက်ထားခြင်း၊ ကတ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံအလိုက် အသေးစိတ်အစီအစဉ်၊ အချက်အလက်များ ဆက်လက်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် မေလ ၂၇ ရက်တွင် စတင်အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို