Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီခေါင်းဆောင်ကို ဂုဏ်သရေရှိဝန်ကြီးချုပ် လို့ သုံးစွဲမှု NUG ကန့်ကွက်

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။

ဓာတ်ပုံ − AP
ဓာတ်ပုံ − AP

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ခေါ်ဝေါ်သုံးစွဲပြီး စစ်ကောင်စီထံ ပေးပို့တဲ့ နိုင်ငံတာကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာကို NUG အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။

လာမယ့်စက်တင်ဘာလထဲ နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂ ပညာရေးအသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံနဲ့ပတ်သက်ပြီး စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ပူးတွဲစာပေးပို့ခဲ့တာပါ။

အဲဒီအဖွဲ့တွေထဲမှာ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီး (HRW)၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (AI) ၊ Save the Children တို့လို့အဖွဲ့တွေလည်းပါဝင်နေပြီး စစ်ကောင်စီခေါင်းဆောင်ကို ဝန်ကြီးချုပ်လို့ ပူးတွဲပေးပို့စာထဲမှာ သုံးစွဲထားပါတယ်။

ဒီစာထွက်ပေါ်လာပြီးနောက် ပြင်းထန်တဲ့ဝေဖန်မှုတွေရှိလာပြီး Save the Children နဲ့ AI တို့ က HRW အနေနဲ့ သူတို့ကိုအသိပေးတာမျိုး၊ သဘောတူညီချက်ယူတာမျိုးမရှိဘဲ ပူးတွဲပေးပို့စာမှာ အဖွဲ့အစည်းအမည်ထည့်သွင်းလိုက်တာဖြစ်တယ်လို့ ပြန်ရှင်းလင်းလာပါတယ်။

Public Service Announcement

Public Service Announcement

HRW ဘက်ကလည်း စစ်ကောင်စီကို အသိအမှတ်မပြုဘဲ စာမှားယွင်းပေးပို့မိတာလို့ ဖြေရှင်းခဲ့ပါတယ်။

ဒါပေမယ့် HRW ရဲ့ပြန်လည်တောင်းပန်စာ ဟာ အလွန်တိုတောင်းပြီး ဝမ်းနည်းစိတ်ပျက်ဖွယ်တွေ့ရတယ်လို့NUG ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။

NUG ဟာ မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရ ဖြစ်ပြီး ကုလသမဂ္ဂကလည်း NUG အစိုးရခေါင်းဆောင်တွေကို တရားဝင်အသိအမှတ်ပြု မှုတွေလုပ်ဆောင်နေတယ်လို့ NUG ကအသိပေးထားပါတယ်။

ဒါကြောင့် အဲဒီပူးတွဲပေးပို့စာနဲ့ပတ်သက်ပြီး အမြန်ဆုံးပြန်လည်ရုတ်သိမ်းပြီး လူသိရှင်ကြားတောင်းပန်ဖို့နဲ့ NUG သာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတစ်ရပ်အနေနဲ့အသိအမှတ်ပြုတဲ့ စာအပြည့်အစုံကိုရေးသားထုတ်ပြန်ဖို့ မျှော်လင့်ကြောင်း NUG က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။