Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီခေါင်းဆောင်ကို ဂုဏ်သရေရှိဝန်ကြီးချုပ် လို့ သုံးစွဲမှု NUG ကန့်ကွက်

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။

ဓာတ်ပုံ − AP
ဓာတ်ပုံ − AP

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကို ဝန်ကြီးချုပ်အဖြစ် ခေါ်ဝေါ်သုံးစွဲပြီး စစ်ကောင်စီထံ ပေးပို့တဲ့ နိုင်ငံတာကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာကို NUG အစိုးရက ပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်ပါတယ်။

လာမယ့်စက်တင်ဘာလထဲ နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂ ပညာရေးအသွင်ကူးပြောင်းမှုဆိုင်ရာ ညီလာခံနဲ့ပတ်သက်ပြီး စစ်ကောင်စီကို နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက ပူးတွဲစာပေးပို့ခဲ့တာပါ။

အဲဒီအဖွဲ့တွေထဲမှာ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကြီး (HRW)၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (AI) ၊ Save the Children တို့လို့အဖွဲ့တွေလည်းပါဝင်နေပြီး စစ်ကောင်စီခေါင်းဆောင်ကို ဝန်ကြီးချုပ်လို့ ပူးတွဲပေးပို့စာထဲမှာ သုံးစွဲထားပါတယ်။

ဒီစာထွက်ပေါ်လာပြီးနောက် ပြင်းထန်တဲ့ဝေဖန်မှုတွေရှိလာပြီး Save the Children နဲ့ AI တို့ က HRW အနေနဲ့ သူတို့ကိုအသိပေးတာမျိုး၊ သဘောတူညီချက်ယူတာမျိုးမရှိဘဲ ပူးတွဲပေးပို့စာမှာ အဖွဲ့အစည်းအမည်ထည့်သွင်းလိုက်တာဖြစ်တယ်လို့ ပြန်ရှင်းလင်းလာပါတယ်။

Public Service Announcement

Public Service Announcement

HRW ဘက်ကလည်း စစ်ကောင်စီကို အသိအမှတ်မပြုဘဲ စာမှားယွင်းပေးပို့မိတာလို့ ဖြေရှင်းခဲ့ပါတယ်။

ဒါပေမယ့် HRW ရဲ့ပြန်လည်တောင်းပန်စာ ဟာ အလွန်တိုတောင်းပြီး ဝမ်းနည်းစိတ်ပျက်ဖွယ်တွေ့ရတယ်လို့NUG ပြောပါတယ်။

နိုင်ငံတကာအဖွဲ့အစည်း ၁၂ ဖွဲ့ရဲ့ ပူးတွဲပေးပို့စာဟာ မြန်မာပြည်သူတစ်ရပ်လုံးကိုစော်ကားသလို ဖြစ်နေပြီးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ပုံရိပ်လည်းထိခိုက်စေတယ်လို့ NUG ကဆိုပါတယ်။

NUG ဟာ မြန်မာပြည်သူတွေရဲ့ တရားဝင်အစိုးရ ဖြစ်ပြီး ကုလသမဂ္ဂကလည်း NUG အစိုးရခေါင်းဆောင်တွေကို တရားဝင်အသိအမှတ်ပြု မှုတွေလုပ်ဆောင်နေတယ်လို့ NUG ကအသိပေးထားပါတယ်။

ဒါကြောင့် အဲဒီပူးတွဲပေးပို့စာနဲ့ပတ်သက်ပြီး အမြန်ဆုံးပြန်လည်ရုတ်သိမ်းပြီး လူသိရှင်ကြားတောင်းပန်ဖို့နဲ့ NUG သာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရတစ်ရပ်အနေနဲ့အသိအမှတ်ပြုတဲ့ စာအပြည့်အစုံကိုရေးသားထုတ်ပြန်ဖို့ မျှော်လင့်ကြောင်း NUG က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။