Connect with us

Hi, what are you looking for?

သတင်း

ရွှေတောအလုပ်သွားလုပ်မည့်ခင်ဦးဒေသခံ လူငယ် ၇ ဦးကိုစစ်ကောင်စီတပ်ဖမ်းဆီးသတ်ဖြတ်

အကြမ်းဖက်စစ်တပ်သည် ထိုလူငယ်၇ဦးရုပ်အလောင်းများအား လက်နက်များဖြင့် တွဲရိုက်ကာ PDFများဟု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

သတ်ဖြတ်ခံခဲ့ရ​သောခင်ဦးမြို့နယ် ဝန်ကြီးရွာမှ လူငယ် ၇ ဦး။ လူငယ်များသည် အသက်အငယ်ဆုံး ၁၄ နှစ်မှ အကြီးဆုံး ၂၂ နှစ်အရွယ်သာရှိကြသည်။ ။ဓါတ်ပုံ-CJ
သတ်ဖြတ်ခံခဲ့ရ​သောခင်ဦးမြို့နယ် ဝန်ကြီးရွာမှ လူငယ် ၇ ဦး။ လူငယ်များသည် အသက်အငယ်ဆုံး ၁၄ နှစ်မှ အကြီးဆုံး ၂၂ နှစ်အရွယ်သာရှိကြသည်။ ။ဓါတ်ပုံ-CJ

အသက်အငယ်ဆုံး ၁၄ နှစ်မှ ၂၂ နှစ်အရွယ်ရှိလူငယ် ၇ ဦးကိုသတ်ဖြတ်ပြီး အ​လောင်းများကိုလက်လုပ်​သေနတ်များဖြင့်တွဲရိုက်၍ PDF ဟု သတင်းအမှားထုတ်လွှင့်​နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဝန်ကြီး​ကျေးရွာမှ ရွှေတောအလုပ်သွားလုပ်ရန် ထွက်ခွာလာသည့် ဆယ်ကျော်သက်လူငယ် ၇ ဦးအား စစ်​ကောင်စီတပ်ကဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ခင်ဦးမြို့နယ် ဝန်းကြီးကျေးရွာမှ ရွှေတောအလုပ်သွားလုပ်မည့် အသက် ၁၄ နှစ်မှ အသက် ၂၂ နှစ်အတွင်းရှိ ​ဒေသခံ လူငယ် ၇ဦးသည်သြဂုတ်လ၁၄ရက်နေ့ နံနက်ပိုင်းက ရွှေဘိုကားကွင်းကို သွားခဲ့ရာ အမှတ်၂ရပ်ကွက်၌ စစ်​ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

၎င်းတို့အား အကြမ်းဖက်စစ်တပ်က ရွှေဘိုလေ့ကျင့်ရေး(၈)တွင် စစ်ဆေးမေးမြန်းပြီးနောက် သြဂုတ်လ ၁၅ရက်နေ့တွင် ခင်ဦးမြို့နယ် ရွာသာကျေးရွာဇရပ်အနီး ပစ်သတ်၍ ရုပ်အလောင်းများကို စွန့်ပစ်ထားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်​ကောင်စီတပ်က လူငယ်များကိုဖမ်းဆီးသတ်ဖြတ်ပြီး လက်လုပ်​သေနတ်များကို အ​လောင်း​ပေါ်တင်၍ PDFများဟု စစ်​ကောင်စီဝါဒဖြန့်မီဒီယာများမှတစ်ဆင့် သတင်းအမှားဖြန့်ချီ​နေသည်။
စစ်​ကောင်စီတပ်က လူငယ်များကိုဖမ်းဆီးသတ်ဖြတ်ပြီး လက်လုပ်​သေနတ်များကို အ​လောင်း​ပေါ်တင်၍ PDFများဟု စစ်​ကောင်စီဝါဒဖြန့်မီဒီယာများမှတစ်ဆင့် သတင်းအမှားဖြန့်ချီ​နေသည်။

ဝန်ကြီး​ကျေးရွာမှအသက် ၁၉ နှစ်အရွယ် ကိုကျော်သူဟိန်း၊ အသက် ၁၅ နှစ်အရွယ် ကိုဇော်ဟိန်း၊ အသက် ၂၀ နှစ်အရွယ် ကိုမင်းကို၊ အသက် ၁၄ နှစ်အရွယ် ကိုမင်းညီ၊ အသက် ၁၉ နှစ်အရွယ် ကိုဖြိုးငွေစိုး၊ အသက် ၂၂ နှစ်အရွယ် ကိုနိုင်းနိုင်း၊ အသက် ၂၁ နှစ်အရွယ် ကိုသူရထွန်းတို့ဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်ကသတ်၍ စွန့်ပစ်သွား​သောရုပ်အ​လောင်းများကို ရွာမှ ပြန်သည်၍ သဂြိုဟ်ခဲ့ရ​ကြောင်းလည်း​ဒေသခံများထံမှသိရသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်တပ်သည် ထိုလူငယ်၇ဦးရုပ်အလောင်းများအား လက်နက်များဖြင့် တွဲရိုက်ကာ PDFများဟု သတင်းမှားများ ဖြန့်ဝေလျက်ရှိသည်။

အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ အရပ်သားပြည်သူများကို ကားကွင်းတွင် အကြောင်းမဲ့ဖမ်းဆီး ညှင်းပန်းနှိပ်စက်ပြီး ရွှေဘို -မြစ်ကြီးနားလမ်းပိုင်း တစ်နေရာတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကိုကျူးလွန်ခဲ့ကြောင်း၊ ထို့အပြင် သေပြီးသားအလောင်းများအပေါ် လက်လုပ်သေနတ်များတင်ပြီး PDF များကို ပတ်ကင်းဖြင့် တွေ့ရင်း ပစ်သတ်ခဲ့သည်ဟု သတင်းအမှားဝါဒဖြန့်ခဲ့ကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။

စစ်​ကောင်စီတပ်သည် နိုင်ငံတစ်ဝန်း ပြည်သူများအ​ပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမကြာခဏ ကျူးလွန်​နေသည်။

ထို့အပြင် သြဂုတ်လ၁၅ရက်နေ့ နေ့လယ်ပိုင်းကလည်း ခင်ဦးမြို့ပေါ်၌ ဥစ္စာတွင်းကျေးရွာ လူငယ်၂ဦး ဖမ်းဆီးခံရ၍ ဖခင်ဖြစ်သူက လိုက်သွားခဲ့ရာ ဖခင်ဖြစ်သူကိုပါ ပြန်မလွှတ်သေးဘဲ ယနေ့အထိ ဖမ်းဆီးထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထပ်မံအသိပေးသည်။

“ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်မှာ ဖမ်းဆီးစစ်ဆေးခံရသူတွေများနေပါတယ်။ အပြင်ထွက်သွားလာမှုများ ဂရုစိုက်ကြပါရန် သတိပေးနှိုးဆော်အပ်ပါတယ်။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။