Connect with us

Hi, what are you looking for?

သတင်း

KNU ၏ ကော်သူးလေအုပ်ချုပ်နယ်မြေတွင်စစ်ရှောင်သုံးသိန်းခွဲ အထိ ရှိလာဟု ထုတ်ပြန်

ခရိုင်အလိုက် စစ်ရှောင်အရေအတွက်မှာ သထုံခရိုင်တွင် ကိုးသောင်းကျော် ညောင်လေးပင်ခရိုင်တွင် ​ခြောက်သောင်းကျော်၊ဘိတ်−ထာဝယ်ခရိုင်တွင် ​ခြောက်ထောင် ၊ မူတြော်ခရိုင်တွင် ကိုးသောင်းကျော်၊ ဒူးပလာယာခရိုင်တွင် ကိုးသောင်းကျော်ဖြစ်ကြောင်း ဖော်ပြထားသည်။

(ကရင်စစ်​ဘေး​ရှောင်ပြည်သူများ ။ ဓါတ်ပုံ-KNU)
(ကရင်စစ်​ဘေး​ရှောင်ပြည်သူများ ။ ဓါတ်ပုံ-KNU)

▪︎စစ်ရေးကုန်ကျစာရိတ်များနှင့် စစ်ရေးလိုအပ်ချက်များအပြင် စစ်ရှောင်များ၏ လိုအပ်ချက်ကို တစ်ပြိုင်တည်းစီစဉ်နေရဟု အသိပေး

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ကော်သူးလေအုပ်ချုပ်ရေးနယ်မြေတွင် စစ်ဘေးရှောင် ပြည်သူ သုံးသိန်းခွဲအထိ ရှိလာကြောင်း KNUက ထုတ်ပြန်သည်။

KNU သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄)၊ မူတြော်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်း တိုက်ပွဲများ နေ့စဉ်နှင့် အမျှ ဖြစ်လာသည့်အတွက် ဒေသတွင်းရှိ ပြည်သူများ ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရသည်ဟုဆိုသည်။

(ကရင်စစ်​ဘေး​ရှောင်ပြည်သူများ ။ ဓါတ်ပုံ-KNU)
(ကရင်စစ်​ဘေး​ရှောင်ပြည်သူများ ။ ဓါတ်ပုံ-KNU)

ခရိုင်အလိုက် စစ်ရှောင်အရေအတွက်မှာ သထုံခရိုင်တွင် ကိုးသောင်းကျော် ညောင်လေးပင်ခရိုင်တွင် ​ခြောက်သောင်းကျော်၊ဘိတ်−ထာဝယ်ခရိုင်တွင် ​ခြောက်ထောင် ၊ မူတြော်ခရိုင်တွင် ကိုးသောင်းကျော်၊ ဒူးပလာယာခရိုင်တွင် ကိုးသောင်းကျော်ဖြစ်ကြောင်း ဖော်ပြထားသည်။

စစ်ရှောင်ပြည်သူ များအတွက် နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ လုံခြုံရေး လိုအပ်ချက်များကို KNU၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍများအလိုက် တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိအခြေအနေအတွင် KNU နှင့် လက်အောက်ခံတပ်ဖွဲများဖြစ် ကြသော KNLA၊ KNDO တို့သည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တိုက်ပွဲများ နေစဉ်ရင်ဆိုင် တိုက်ခိုက်နေရကြောင်း၊ စစ်ရေးကုန်ကျစာရိတ်များနှင့် စစ်ရေးလိုအပ်ချက်များကို စီစဉ်ဆောင်ရွက်နေရသည့် အပြင် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက်လည်း တစ်ပြိုင်တည် စီစဉ်ဆောင်ရွက် နေရကြောင်း အသိပေးသည်။

(ကရင်စစ်​ဘေး​ရှောင်ပြည်သူများ ။ ဓါတ်ပုံ-KNU)
(ကရင်စစ်​ဘေး​ရှောင်ပြည်သူများ ။ ဓါတ်ပုံ-KNU)

KNU ၏ ယခုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ပြီးခဲ့သည့် ရက်ပိုင်းက စစ်ရှောင်အခြေအနေထုတ်ပြန်ချက်တွင် စစ်ရှောင်ဦးရေ တိုးလာ၍ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိရာ စစ်ရှောင်များကို ကူညီလိုသည့် ပုဂ္ဂိုလ် အဖွဲ့အစည်းများအား ကြိုဆိုကြောင်း KNUက ထုတ်ပြန်ထားသည်။

UNOCHA ၏ဇူလိုင် ၂၅ ရက်ထုတ်ပြန်ချက်တွင် ကရင်ပြည်နယ်၌ စစ်​ဘေး​ရှာင်ပြည်သူ ၈၂၄၀၀ ဦး ရှိသည်ဟု​ဖော်ပြထားသည်။ KNU၏ နယ်​မြေများရှိ​သောကရင်ပြည်နယ်၊ပဲခူးတိုင်း၊ တနသာ်ရီတိုင်း၊မွန်ပြည်နယ်စသည့် တိုင်းနှင့်ပြည်နယ် ​လေးခုတွင် စုစု​ပေါင်း စစ်​ဘေး​ရှောင် တစ်သိန်းခွဲခန့်ရှိသည်ဟုဆိုသည်။ ထို​ကြောင့် ​မြေပြင်တွင် စစ်​ဘေး​ရှောင်အ​ရေအတွက်မှာ UNOCHA စာရင်းထက်များစွာပိုများ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

မောတောင်မြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ခံတွေကို ဖမ်းဆီးနှိပ်စက်နေ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။