Connect with us

Hi, what are you looking for?

သတင်း

မိသားစုကိုအသိမပေးဘဲထောင်ပြောင်းတဲ့စစ်ကောင်စီလုပ်ရပ်ကြောင့် ထောင်ဝင်စာပို့သူတွေအခက်ကြုံနေ

အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်ပို့တဲ့နေရာ မှာ ထောင်ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသူ၊အကျဉ်းသားတွေရဲ့ အမည်စာရင်းကို အကျဉ်ထောင်အာဏာပိုင်တွေက ကပ်ပေးထားတယ်လို့ထောင်ဝင်စာသွားပို့ခဲ့သူ တစ်ဦးက People’s Springကိုပြောပြပါတယ်။

(ပုံဟောင်း)
(ပုံဟောင်း)

အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုကိုအသိမပေးဘဲ တိတ်တဆိတ် ထောင်ပြောင်းရွှေ့လိုက်တဲ့စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် ထောင်ဝင်စာ ပါဆယ်လာပို့တဲ့မိသားစုဝင်တွေအခက်အခဲကြုံနေရတယ်လို့သိရပါတယ်။

သြဂုတ်လ ၇ ရက်က စစ်ကောင်စီဟာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသား ၁၃၀ ခန့်ကို သာယာဝတီထောင်ဆီကိုပြောင်းရွှေ့လိုက်တာပါ။

ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီအကြောင်းကြားအသိပေးတာမရှိတဲ့အတွက် မိသားစုက ထောင်ကို ထောင်ဝင်စာ ပါဆယ်လာပို့တဲ့အခါကျမှ သက်ဆိုင်ရာ နိုင်ငံရေးအကျဉ်းသား အင်းစိန်ထောင်မှာ မရှိတော့တာကိုသိခဲ့ကြရတာဖြစ်ပါတယ်။

အင်းစိန်ထောင် ထောင်ဝင်စာ ပါဆယ်ပို့တဲ့နေရာ မှာ ထောင်ပြောင်းရွှေ့ခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသူ၊အကျဉ်းသားတွေရဲ့ အမည်စာရင်းကို အကျဉ်ထောင်အာဏာပိုင်တွေက ကပ်ပေးထားတယ်လို့ထောင်ဝင်စာသွားပို့ခဲ့သူ တစ်ဦးက People’s Springကိုပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“မိသားစုက စားစရာ ၊လိုတဲ့ဆေးဝါးတွေပါဆယ်လာပို့ကြတယ် ၊ ပါဆယ်စာရင်းလည်းပေးရော အင်းစိန်မှာမရှိတော့တာကိုသိသွားတဲ့သူတွေ အများကြီးပဲ ၊ လှည့်ပြန်သွားကြရတယ် ” လို့ ထောင်ဝင်စာသွားပို့ခဲ့သူတစ်ဦးက ကြုံခဲ့ရတာကိုပြောပြပါတယ်။

ဒီလိုလှည့်ပြန်သွားကြရသူတွေထဲမှာ နယ်ကနေ လာရောက်ပြီး ထောင်ဝင်စာလာပို့ကြတဲ့သူတွေလည်း ရှိနေကြပါတယ်။

သြဂုတ်လ ၇ ရက်က သာယာဝတီထောင်ကိုပြောင်းလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၀ ခန့်ထဲမှာအမျိုးသမီး ဦးရေ ၃၀ ဝန်းကျင်ခန့်ပါဝင်တယ်လို့ အကျဉ်းထောင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတွေထံကသိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကိုအင်းစိန်ထောင်ကနေ နယ်ထောင်တွေဆီရွှေ့ပြောင်းလိုက်တာဟာ ထောင်တွင်းလှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ကြံစည်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေကသုံးသပ်ထားကြပါတယ်။

ဒါအပြင်သက်ဆိုင်ရာမိသားစုတွေကို အကြောင်းမကြားဘဲ ရုတ်တရက် ထောင်ပြောင်းရွှေ့တာဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေရဲ့စိတ်ဓာတ်ပျက်ပြားစေဖို့ ရည်ရွယ်တဲ့ မတရားဖိနှိပ်မှုတွေထဲက လုပ်ရပ်တစ်ခုဖြစ်တယ်လို့သတ်မှတ်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။