Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၄၄) စစ်သည် လေးဦးပြည်သူ့ရင်ခွင်ခိုလှုံလာ၊ CDM လုပ်လိုသည့် စစ်ကောင်စီတပ်သားများ ဆက်သွယ်နိုင်ကြောင်း ကော်ဘရာစစ်ကြောင်း ထပ်မံအသိပေး

CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - Cobra Column
ဓာတ်ပုံ - Cobra Column

တိုက်ပွဲများ တစ်လကျော်ကြာ ဖြစ်ပွားနေသည့် မြ၀တီမြို့နယ် ဝေါ်လေဒေသ ရောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦးသည် ကော်ဘရာစစ်ကြောင်းသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာ ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၄၄) လက်အောက်ခံ ခမရ(၂)မှ စစ်သည် လေးဦးသည် သြဂုတ် ၃ရက်က ကော်ဘရာစစ်ကြောင်းအား ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

CDM ပြုလုပ်ခဲ့သော ခမရ (၂) မှ စစ်သည် လေးဦးမှာ စစ်မှုထမ်းသက် နှစ် ၃၀ရှိသည့် တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သားဟိန်းစိုး ၊ တပ်သားစိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

ကော်ဘရာစစ်ကြောင်းသည် CDM ပြုလုပ် ခိုလှုံလာသောစစ်သည်များအား လုံခြုံဘေး‌ကင်းသော နေရာ၌ နေထိုင်သွားလာ၊ စားဝတ်နေရေး၊ လုံခြုံရေး အဆင်ပြေစေရန် ကောင်းမွန်စွာ စီမံထားရှိ ထားပါကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထပ်မံ၍ ပြည်သူ့ရင်ခွင် ခိုလှုံလာသော အခြားစစ်သည်များ၏ အခြေအနေအား လုံခြုံရေးအရ စိတ်ချရသော အချိန်များတွင် အလျင်းသင့်သလို သတင်းထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း အသိပေးထားပြီး CDM ခိုလှုံလိုသော စစ်ကောင်စီ တပ်သားများအနေဖြင့်လည်း Cobra Column Facebook Pageအား ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။