Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မြို့ ထမလုံအုပ်ချုပ်ရေးရုံး ချိန်ကိုက်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ပထမချိန်ကိုက်ဗုံးမှာ အုပ်ချုပ်ရေးရုံးအား ဖောက် ခွဲခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယဗုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပါက ထိခိုက်မှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

သန်လျင်မြို့ ထမလုံအုပ်ချုပ်ရေးရုံး ချိန်ကိုက်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်
သန်လျင်မြို့ ထမလုံအုပ်ချုပ်ရေးရုံး ချိန်ကိုက်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း သန်လျင်မြို့နယ် ထမလုံကျေးရွာအုပ် ချုပ် ရေးရုံးကို ယနေ့ ညပိုင်း၌ ချိန်ကိုက်ဗုံး နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Soul Takers(Yangon Underground Force) က ထုတ်ပြန်သည်။

“ကျွန်တော်တို့ အနေနဲ့ ထမလုံအုပ်ချုပ်ရေး ရုံးအား ဖောက်ခွဲ သတိပေးခြင်းမှာ ၎င်းအုပ်ချုပ်ရေးမှုး ရာအိမ်မှုး ဆယ်အိမ်မှူး များမှာ ပြည်သူများအား ခြိမ်းခြောက် ငွေညှစ်ခြင်းများ၊ပြည်သူများ ဧည့်စာရင်းတိုင်ကြားရာတွင်လည်း ငွေကြေးမတန်မဆကောက်ခံခြင်းများ အနိုင်ကျင့်ခြင်းများကြောင့် ပြည်သူများမှ တိုင်ကြားလာသဖြင့် သတိပေးဖောက်ခွဲလိုက်ခြင်းဖြစ်ပါသည်။၎င်းအုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဆယ်အိမ်မှူးများအနေဖြင့် ယခုဖြစ်ရပ်မှ အသိဝင်ပြောင်းလဲမှုမရှိပဲ ဆကိလက်ပြီး ခြိမ်းခြောက် အကြပ်ကိုင် ငွေတောင်းခံမှုများ ပြုလုပ်နေသေးပါက သုတ်သင်ရှင်းလင်းသွား မည်”ဟု လည်းထုတ်ပြန်ချက်၌ သတိပေးထားသည်။

ဩဂုတ် ၁၇ရက် ည ၈နာရီ ၁၀မိနစ်တွင် ထမလုံ အုပ်ချုပ်ရေးရုံးအား ဗုံး တစ်လုံး စတင်ဖောက်ခွဲခဲ့ပြီး နောက်ထပ် ၁၀မိနစ်အကြာတွင် ထပ်မံ၍ ချိန် ကိုက်ဗုံး တစ်လုံးဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု အသိပေးဖော်ပြထားသည်။

ပထမချိန်ကိုက်ဗုံးမှာ အုပ်ချုပ်ရေးရုံးအား ဖောက် ခွဲခဲ့ခြင်းဖြစ်ပြီး၊ ဒုတိယဗုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပါက ထိခိုက်မှုရှိစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ရဲဘော်များ အလျှင်မြန်ပြန်လည် ဆုတ်ခွာလာရ သည့်အတွက် စစ်ကောင်စီတပ်ဘက်က သေဆုံး ထိခိုက် မှု့ အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်းနှင့် missionအား အောင်မြင်စွာဆောင်ရွက်ပြီး ရဲဘော်အားလုံး လုံခြုံသည့် မြို့ပေါ် နေရာသို့ ဆုတ်ခွာနိုင်ခဲ့ပြီး ဖြစ်ကြောင်း အသိပေးထားသည်။

“ပထမတစ်လုံးပေါက်ပြီးတော့ စခတွေလာတယ်။ အထိအခိုက်ကတော့ ရှိမယ်ထင်တယ်။ ကျွန် တော်တို့လည်းမသိရသေးဘူး”ဟု Soul Talker အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ထမလုံဘက်ရှိရွာများကို အင်အား ၅၀ ခန့်ဖြင့် ဝင်မွှေနေ‌သည်ဟု သိရပြီး ၎င်းတို့ အဖွဲ့သားအားလုံး ဘေးကင်းသည့်နေရာသို့ရောက်ရှိပြီဖြစ်ကြောင်း၎င်းက ဆိုသည်။

“မဆိုင်တဲ့ရွာတွေကို မွှေနေတာ”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့၊သန်လျင်မြို့နယ်က ကန်နီရေကန်မှာ လူငယ်ခြောက်ဦး ရေဆင်းကူးရာက နှစ်ဦးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်း‌တွေက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်တိုင်း၊သန်လျင်မြို့နယ်မှာ (၁၆)နှစ်အရွယ် ကလေးတစ်ဦး စစ်မှုထမ်းအဖြစ် ရောင်းစားခံရတယ်လို့ ကာယကံရှင်ရဲ့မိခင်ဖြစ်သူက ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊ သန်လျင်မြို့ အောင်မင်္ဂလာရပ်ကွက်မှာ အမျိုးသမီးတစ်ဦး ဆွဲကြိုးလု မျက်နှာကိုဓားနဲ့ထိုးခံရတဲ့ ဖြစ်စဉ် ဒီကနေ့မနက်စောမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ​တချို့က ပြောပါတယ်။