Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံပိုင်မြေနှင့်အဆောက်အဦး ၂၇ခုကို စစ်ကောင်စီက ရောင်းမည်ဟု​ကြေညာ

အဆိုပါမြေကွက်နှင့် တိုက်ခန်းများကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အဆိုပြုတင်သွင်း၍ ဝယ်ယူနိုင်သည်ဟု စစ်ကောင်စီကဆိုသည်။

နိုင်ငံပိုင်မြေနှင့်အဆောက်အဦး ၂၇ခုကို စစ်ကောင်စီက ရောင်းမည်ဟု​ကြေညာ
နိုင်ငံပိုင်မြေနှင့်အဆောက်အဦး ၂၇ခုကို စစ်ကောင်စီက ရောင်းမည်ဟု​ကြေညာ

ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၅ ခုမှ နိုင်ငံပိုင်အဆောက်အဦးနှင့်မြေကွက် ၂၇ ခုကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့်ရောင်းချမည်ဟုစစ်ကောင်စီက ယနေ့ထုတ်ပြန်သည်။

မြေကွက်များနှင့် အဆောက်အဦးများသည် ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်သည်ဟု စစ်ကောင်စီ၏ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က ထုတ်ပြန်ထားသည့်စာရင်းတွင်​တွေ့ရသည်။

ထိုမြေကွက်များနှင့်အဆောက်အဦးများတွင် ပဲခူးတိုင်းမှ ၄ခု၊ မန္တလေးမှ ၆ခု၊ ရန်ကုန်တိုင်း ၅ခု ၊ ဧရာဝတီတိုင်း ၁ခုနှင့်ရှမ်းပြည်နယ်မှ ၁၁ခုပါဝင်သည်။

ရန်ကုန်မြို့တွင် သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တို့မှ မြေကွက်များနှင့် မရမ်းကုန်းနှင့် ကျောက်တံတားမြို့နယ်ရှိတိုက်ခန်းများပါဝင်သည်။

Public Service Announcement

Public Service Announcement

အဆိုပါမြေကွက်နှင့် တိုက်ခန်းများကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ အဆိုပြုတင်သွင်း၍ ဝယ်ယူနိုင်သည်ဟု စစ်ကောင်စီကဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီးစစ်အုပ်စုနှင့်နီးစပ်သူများသာ ထိုသို့သော တင်ဒါလုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားပြီး ဈေးပြိုင်တင်ဒါစနစ်ဆိုမှာလည်း ဟန်ပြသာဖြစ်​ကြောင်း တင်ဒါလုပ်ငန်းဆောင်ရွက်နေသည့် လုပ်ငန်းရှင်တစ်ဦးကမှတ်ချက်ပေးသည်။

တင်ဒါများတွင် စစ်တပ်နှင့်နီးစပ်သူများ ၊စစ်တပ်​ထောက်ခံသူများလုပ်​နေ​သော ကုမ္ပဏီနှင့်လုပ်ငန်းများသာလုပ်ကိုင်ခွင့်ရ​နေ​ကြောင်း လုပ်ငန်းရှင်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook