Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရောင်းသည့် နိုင်ငံပိုင်မြေနှင့်အဆောက် အဦးများဝယ်ပါကပြန်သိမ်းမည်ဟု NUGထုတ်ပြန်

သတိပေးတားမြစ်ချက်ကို မလိုက်နာဘဲ လက်ဝယ်ရယူထားသည့် မည်သူမဆိုထံမှ နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံပိုင်မြေနှင့် အဆောက် အဦး၊ မြေကွက်များ ရောင်းချရန် အိတ်ဖွင့် တင်ဒါခေါ်ယူခြင်းသည် တရားဝင်မှုလုံး၀မရှိ၍ ဝယ်ယူခြင်းမပြုရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကယ​နေ့သတိပေးတားမြစ်ချက်ထုတ်ပြန်သည်။

သတိပေးတားမြစ်ချက်ကို မလိုက်နာဘဲ လက်ဝယ်ရယူထားသည့် မည်သူမဆိုထံမှ နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင် မြေနှင့်အဆောက်အဦ၊ မြေကွက် (၂၃)ခုကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက်နေခြင်း နှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်းပြည်နယ်တို့ရှိ နိုင်ငံပိုင် မြေ၊ အဆောက်အဦ နှင့်မြေကွက် စုစုပေါင်း (၂၃)ခုအား အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံပိုင် မြေနှင့်အဆောက်အဦ နှင့်မြေကွက်များ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူများသာဖြစ်သည့်အတွက် ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့်ယင်း၏လက်အောက်ခံအဖွဲ့အစည်းများ အနေဖြင့် အဆိုပါ မြေနှင့်အဆောက်အဦ နှင့်မြေကွက်များအား စီမံခန့်ခွဲပိုင်ခွင့်၊ ရောင်းချပိုင်ခွင့် မရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူထားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် ကုလသမဂ္ဂအပါအဝင် မည်သည့်ကမ္ဘာ့နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုထားခြင်းမရှိသည့် အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး