Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရောင်းသည့် နိုင်ငံပိုင်မြေနှင့်အဆောက် အဦးများဝယ်ပါကပြန်သိမ်းမည်ဟု NUGထုတ်ပြန်

သတိပေးတားမြစ်ချက်ကို မလိုက်နာဘဲ လက်ဝယ်ရယူထားသည့် မည်သူမဆိုထံမှ နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံပိုင်မြေနှင့် အဆောက် အဦး၊ မြေကွက်များ ရောင်းချရန် အိတ်ဖွင့် တင်ဒါခေါ်ယူခြင်းသည် တရားဝင်မှုလုံး၀မရှိ၍ ဝယ်ယူခြင်းမပြုရန် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနကယ​နေ့သတိပေးတားမြစ်ချက်ထုတ်ပြန်သည်။

သတိပေးတားမြစ်ချက်ကို မလိုက်နာဘဲ လက်ဝယ်ရယူထားသည့် မည်သူမဆိုထံမှ နိုင်ငံပိုင်အဖြစ် ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးတင်ထွန်းနိုင် လက်မှတ်ရေးထိုး၍ ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က နိုင်ငံပိုင် မြေနှင့်အဆောက်အဦ၊ မြေကွက် (၂၃)ခုကို အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချရန် စီစဉ်ဆောင်ရွက်နေခြင်း နှင့်ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။

ကချင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မွန်၊ ရှမ်းပြည်နယ်တို့ရှိ နိုင်ငံပိုင် မြေ၊ အဆောက်အဦ နှင့်မြေကွက် စုစုပေါင်း (၂၃)ခုအား အိပ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ရန် စစ်ကောင်စီက စီစဉ်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံပိုင် မြေနှင့်အဆောက်အဦ နှင့်မြေကွက်များ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား ပြည်သူများသာဖြစ်သည့်အတွက် ပြည်သူလူထုအားကိုယ်စားပြုမှု အလျဉ်းမရှိသော အကြမ်းဖက်စစ်ကောင်စီနှင့်ယင်း၏လက်အောက်ခံအဖွဲ့အစည်းများ အနေဖြင့် အဆိုပါ မြေနှင့်အဆောက်အဦ နှင့်မြေကွက်များအား စီမံခန့်ခွဲပိုင်ခွင့်၊ ရောင်းချပိုင်ခွင့် မရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူလူထုထံမှ အာဏာကို မတရားသောနည်းလမ်းဖြင့် အတင်းအဓမ္မ သိမ်းယူထားသော တရားမဝင်အဖွဲ့အစည်းဖြစ်သည့်အပြင် ကုလသမဂ္ဂအပါအဝင် မည်သည့်ကမ္ဘာ့နိုင်ငံကမျှ တရားဝင်အစိုးရအဖြစ် အသိအမှတ် ပြုထားခြင်းမရှိသည့် အကြမ်းဖက်အဖွဲ့အစည်းသာဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။