Connect with us

Hi, what are you looking for?

သတင်း

သန်လျင်မြို့နယ်တွင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်း

အလားတူ သူကြီးဆိုသူသည် စစ်ကောင်စီတပ်သတင်း ပေးတစ်ဦးအဖြစ်ရပ်တည်ယုံမျှမက စစ်ကောင်စီလက် ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း Soul Takers- Yangon Underground Force က အတည်ပြုသည်။

(ပျူစောထီးအဖွဲ့ဝင် သူကြီးဆိုသူအား တွေ့ရစဥ်)
(ပျူစောထီးအဖွဲ့ဝင် သူကြီးဆိုသူအား တွေ့ရစဥ်)

ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် စစ်တပ်သတင်းပေးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း Soul Takers- Yangon Underground Force က ယနေ့(သြဂုတ် ၂၁) အသိပေးထုတ်ပြန်သည်။

သန်လျင်မြို့နယ် လက်ယက်စမ်းကျေးရွာအုပ်စု၊ ပျဥ်ထောင်ကျောင်းရပ်ကွက်၊ ဂေသာရှင်မန်းဥယျာဉ်လမ်း အတွင်းနေထိုင်သော အများအခေါ် သူကြီး ဆိုသူအား ယနေ့ညနေ ၄ နာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းရေးလုပ် ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

၎င်းသည် တော်လှန်ရေးအင်အားစုများ၊ အနီးပတ်ဝန်းကျင်ရှိ UG အဖွဲ့များအား စုံစမ်းကာ စစ်ကောင်စီသို့ သတင်းပေးခြင်း၊ ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်း ဝင်ရောက်စီးနင်းမှုများအား ကူညီပေးခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း ထောက်ပြသည်။

Public Service Announcement
Public Service Announcement

အလားတူ သူကြီးဆိုသူသည် စစ်ကောင်စီတပ်သတင်း ပေးတစ်ဦးအဖြစ်ရပ်တည်ယုံမျှမက စစ်ကောင်စီလက် ကိုင်တုတ် ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ကြောင်း Soul Takers- Yangon Underground Force က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“ဆိုင်ကယ်ကယ်ရီမောင်းရင်း ပြည့်တန်ဆာခေါင်း အဖြစ်လုပ်ကိုင်နေရင်း အကြမ်းဖက်စစ်တပ်၏ အားထားရသော သတင်းပေးအနေဖြင့် လုပ်ဆောင်နေကြောင်း ပြည်သူများက သတင်းပေးသည်ကို ကျနော်တို့မှ သေချာစုံစမ်းစစ်ဆေး၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်”ဟု Soul Takers အဖွဲ့က ဆိုသည်။

အထက်ပါစစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင်တစ်ဦးအား ပစ်ခတ်ရှင်းလေးရေးလုပ်ဆောင်ခဲ့သည့် Soul Takers မှ တော်လှန်ရေးရဲဘော်များ လုံခြုံရာသို့ ရောက်ရှိပြီဖြစ်ပြီး ဆက်လက်၍လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပျူစောထီးဆိုသူများကို ရှင်းလင်းသုတ်သင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။