Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်ရှိ ခမရ(၄၃၅)တပ် လုံခြုံရေးဂိတ်အား ဗုံးခွဲတိုက်ခိုက်

ထို့အပြင် ယနေ့ ညပိုင်း၌ ရန်ကုန်မြို့ သန်လျင်မြို့နယ် ထမလုံကျေးရွာအုပ်ချုပ်ရေးရုံးကို Soul Takers (Yangon Underground Force) မြို့ပြပြောက်ကျားတပ်ဖွဲ့က ချိန်ကိုက်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

(ခမရ -၄၃၅ တပ်ရှေ့အား တွေ့ရစဥ် ၊ပုံအဟောင်းအသုံးပြုထားသည်)
(ခမရ -၄၃၅ တပ်ရှေ့အား တွေ့ရစဥ် ၊ပုံအဟောင်းအသုံးပြုထားသည်)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီ​၏ ခြေမြန်တပ်ရင်း(၄၃၅) တပ်ရှေ့ရှိ လုံခြုံရေးဂိတ် ဘန်ကာအား ယနေ့ (သြဂုတ် ၁၇) ညပိုင်း၌ ဗုံးခွဲတိုက် ခိုက်ခဲ့ကြောင်း Divine Ranger Force (DRF)က ထုတ်ပြန်သည်။

ယနေ့ည ၇နာရီ၂၀မိနစ်အချိန်တွင် မြောက်ဥက္ကလာနှင့် တောင်ဥက္ကလာမြို့နယ်အစပ်ကြား သံသုမာလမ်းနှင့် ဂန္ဓမာလမ်းထောင့် (၄၃၅)တပ် ဂိတ်ရှေ့ရှိ ဘန်ကာအား DRFအဖွဲ့နှင့် United Resistance Force (URF) တို့ ပူးပေါင်း၍ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

” DRF နဲ့ URF တို့ ပူးပေါင်းကာ (၄၃၅) တပ် ဂိတ်ရှေ့ရှိ ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ စစ်သားတွေ ထိခိုက်မှု အ​ခြေအနေအတိအကျမသိရသေးပေမယ့် ရဲဘော်များအနေနဲ့ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ် “ဟု DRF အဖွဲ့က ဆိုသည်။

ထို့အပြင် ယနေ့ ညပိုင်း၌ ရန်ကုန်မြို့ သန်လျင်မြို့နယ် ထမလုံကျေးရွာအုပ်ချုပ်ရေးရုံးကို Soul Takers (Yangon Underground Force) မြို့ပြပြောက်ကျားတပ်ဖွဲ့က ချိန်ကိုက်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာဇွန်လ၁၁ရက်နေ့လယ် ၁၂နာရီ ၁၈မိနစ်ခန့်က ငလျင်လှုပ်သွားပြီးအထပ်မြင့်အဆောက်အအုံတွေမှာပါသိသိသာသာ ခံစားလိုက်ရတယ်လို့မြို့ခံတွေကပြောပါတယ်။