Connect with us

Hi, what are you looking for?

သတင်း

မိုင်းရှာထွက်လာသည့် ညောင်ပင်ဝန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ရှင်းလင်းခံရ

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Forceနှင့် ငါးထောင့်ကြယ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

(ညောင်ပင်ဝန်းရဲစခန်းနှင့် မုံရွာ - မန္တလေးလမ်းမကြီးအား ဝေဟင်မှမြင်တွေ့ရစဥ်။)
(ညောင်ပင်ဝန်းရဲစခန်းနှင့် မုံရွာ - မန္တလေးလမ်းမကြီးအား ဝေဟင်မှမြင်တွေ့ရစဥ်။)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းလာရှာသည့် ညောင်ပင်ဝန်းရဲစခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးအား ရှင်းလင်းခဲ့ကြောင်း Moe Nyo Revolution Force-MNRF အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၂၁ရက်) မွန်းလွဲ ၂ နာရီခန့်က ညောင်ပင်ဝန်းရဲစခန်းမှ အရပ်ဝတ်ဖြင့် မိုင်းရှာဖွေရန် ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား မြင်းမူမြို့နယ်၊ နဘဲကြူးဇရပ်အနီးတွင် ရှင်းလင်းခဲ့ကြောင်း MNRFအဖွဲ့က အသိပေးသည်။

အဆိုပါ စစ်အုပ်စုဝင်ကြောင့် PDFအဖွဲ့ လုပ်ငန်းဆောင်ရွက်ထားသော ပစ္စည်းတန်ဖိုးကျပ် ၂၅သိန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု MNRFက ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MNRFအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို Moe Nyo Revolution Forceနှင့် ငါးထောင့်ကြယ်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က အသိပေးသည်။

မုံရွာ – မန္တလေးလမ်းမကြီး​ဘေးရှိ ညောင်ပင်ဝန်းရဲစခန်းသည် ပြည်သူများအား ဖမ်းဆီးနှိပ်ငွေညှစ်မှုများ မကြာခဏပြုလုပ်နေပြီး မကြာခဏလည်း တိုက်ခိုက်ခံရဖူးသည်။

Moe Nyo Revolution Forceအဖွဲ့သည် မုံရွာ-မန္တလေးလမ်းမကြီးပေါ်၊ စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ်လမ်းပိုင်းများတွင် အကြမ်းဖက်စစ်တပ်အား မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့မြောက်ခြမ်း ရှားကွဲရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ ရေဂမိုးရွာက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် အများအပြားမီးလောက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။