Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့ပေါ် ဘီယာဆိုင်တစ်ဆိုင် ပေါက်ကွဲမှုဖြစ်ပြီး လူငယ်တစ်ဦးသေဆုံး

ယနေ့(သြဂုတ်၂၂ရက်) နံနက် ၇ နာရီခန့်က ခင်ဦးမြို့ပေါ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ “ကျော်စည်ဟိန်း”ဘီယာဆိုင်အတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ခင်ဦးမြို့
ခင်ဦးမြို့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်တွင် ယနေ့နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးအသက် (၂၀)အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ်၂၂ရက်) နံနက် ၇ နာရီခန့်က ခင်ဦးမြို့ပေါ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ “ကျော်စည်ဟိန်း”ဘီယာဆိုင်အတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါဘီယာဆိုင်နှင့် မျက်နှာချင်းဆိုင် EveryDay လက်ဖက်ရည်ဆိုင်မှ အသက်(၂၀) အရွယ် မောင်ရဲဝင်းထွဋ်ဆိုသူ ဗုံးစထိမှန် သေဆုံးခဲ့ပြီး အခြားမြို့ပေါ်နေ ဒေသခံနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ပေါက်ကွဲမှုဖြစ်သော ဘီယာဆိုင်မှာ စစ်ကောင်စီတပ်သားများ အမြဲကင်းပုန်းဝပ်သွားလာလှုပ်ရှားနေသော ဆိုင်တစ်ဆိုင်ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပေါက်ကွဲမှုကြောင့် ခင်ဦးမြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကား၊ဆိုင်ကယ်များဖြင့် ကင်းပတ်ကာ ခြေရှုပ်လျက်ရှိကြောင်း၊ ပြည်သူများအနေဖြင့် အသွားအလာဂရုစိုက်ကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။