Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော် – ကျောင်းကုန်းလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ခြောက်ဦးသေ

တိုက်ပွဲမှာနံနက် ၉နာရီ မှ မွန်းလွဲ ၂နာရီအထိ စုစုပေါင်း နှစ်ကြိမ် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

(Indaw Revolution - IR မှ ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution - IR)
(Indaw Revolution - IR မှ ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution - IR)

ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် လေးဦးကျဆုံး

အင်းတော် – ကျောင်းကုန်းလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ပူး ပေါင်းတပ်ဖွဲ့မှ ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း Indaw Revolution – IR က ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ သြဂုတ် ၂၀ရက်က အင်းတော် – ကျောင်းကုန်းလမ်းပိုင်းတွင် ထီးချိုင့်ဘက်မှ တက်လာသည့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်ကို KIA၊ PDF နှင့် ပကဖ ပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာနံနက် ၉နာရီ မှ မွန်းလွဲ ၂နာရီအထိ စုစုပေါင်း နှစ်ကြိမ် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

“၁၉ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ခဲ့တာ။အဲဒီမှာ စခ တွေဘက်က အင်အားထပ်တိုးပြီး ထီးချိုင့်ဘက်ကနေ ပြန်တက်လာတယ်။ကျွန်တော် တို့ဘက်က ကျသွားတာ ထီးချိုင့် ပကဖ က နှစ်ယောက်ရယ်။ PDF တစ်ယောက်ရယ်။KIA ဘက်က တစ်ယောက်ရယ်”ဟု IR တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ကျောင်းကုန်းကျေးရွာ၌ တပ်စွဲထားကြောင်း ၎င်းက အသိပေးသည်။

ယခုလ ၁၉ ရက်ကလည်း အင်းတော်မြို့နယ်၊ရေဝေတောင်တိုက်ပွဲ၌ စစ်ကောင်စီတပ်က ခုနှစ်ဦး သေဆုံးခဲ့ကြောင်း IR က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။