Connect with us

Hi, what are you looking for?

သတင်း

အင်းတော် – ကျောင်းကုန်းလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ခြောက်ဦးသေ

တိုက်ပွဲမှာနံနက် ၉နာရီ မှ မွန်းလွဲ ၂နာရီအထိ စုစုပေါင်း နှစ်ကြိမ် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

(Indaw Revolution - IR မှ ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution - IR)
(Indaw Revolution - IR မှ ရဲဘော်များကို ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Indaw Revolution - IR)

ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် လေးဦးကျဆုံး

အင်းတော် – ကျောင်းကုန်းလမ်းပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ပူး ပေါင်းတပ်ဖွဲ့မှ ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း Indaw Revolution – IR က ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်အရ သြဂုတ် ၂၀ရက်က အင်းတော် – ကျောင်းကုန်းလမ်းပိုင်းတွင် ထီးချိုင့်ဘက်မှ တက်လာသည့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်ကို KIA၊ PDF နှင့် ပကဖ ပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာနံနက် ၉နာရီ မှ မွန်းလွဲ ၂နာရီအထိ စုစုပေါင်း နှစ်ကြိမ် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

“၁၉ ရက်နေ့ကတည်းက တိုက်ပွဲ ဖြစ်ခဲ့တာ။အဲဒီမှာ စခ တွေဘက်က အင်အားထပ်တိုးပြီး ထီးချိုင့်ဘက်ကနေ ပြန်တက်လာတယ်။ကျွန်တော် တို့ဘက်က ကျသွားတာ ထီးချိုင့် ပကဖ က နှစ်ယောက်ရယ်။ PDF တစ်ယောက်ရယ်။KIA ဘက်က တစ်ယောက်ရယ်”ဟု IR တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီတပ်မှာ ကျောင်းကုန်းကျေးရွာ၌ တပ်စွဲထားကြောင်း ၎င်းက အသိပေးသည်။

ယခုလ ၁၉ ရက်ကလည်း အင်းတော်မြို့နယ်၊ရေဝေတောင်တိုက်ပွဲ၌ စစ်ကောင်စီတပ်က ခုနှစ်ဦး သေဆုံးခဲ့ကြောင်း IR က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။