Connect with us

Hi, what are you looking for?

သတင်း

တွံတေးတွင် ထွေအုပ်အစည်းအဝေးတက်ပြီးပြန်လာသည့်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်၊ စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးအပါအဝင် ခြောက်ဦးသေ

“စခ ရခတွေကတော့ လမ်းဆုံ လမ်းခွတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေပါတယ် အဖွဲ့သားတွေလည်း အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်ခင်ဗျ” ဟုမြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

တွံတေးမြို့နယ်တွင် စစ်​ကောင်စီ၏ အ​ထွေထွေအုပ်ချုပ်​ရေးမှူးအစည်းအဝေးတက်ပြီးပြန်လာသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို လမ်းမှစောင့်ကြို၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်​ရေးမှူးအပါအဝင် ၆ ဦး​သေဆုံးကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးက ယနေ့(သြဂုတ် ၂၂) တွင် ထုတ်ပြန်သည်။

ယနေ့ညနေ ၄ နာရီခွဲခန့်က သဝန်းတောကျေးရွာနှင့် မြကန်သာကျေးရွာကြားလမ်းဆုံတွင် ဇီးဖြူကုန်းရွာအုပ် ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများလိုက်ပါလာသည့် ယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“စကစ အစည်းအဝေးက ပြန်လာတဲ့ သဝန်းတောအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေပါစီးလာတဲ့ကားကို လမ်းဆုံမကွေ့ခင် သေချာအလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးမှ ရဲဘော်တစ်ဦးက ပြောသည်။

​သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူးခင်ညွှန့်၊ ရာအိမ်မှူးများဖြစ်သော အေးမြင့်၊ သန်းထွေး(ခ) ဗေဒါ၊ ဆယ်အိမ်မှူးများဖြစ်သော ဝင်းဇော်(ခ)မိုးထိ၊ ဆန်းလွင်(ခ)ဂျပန်ကော့၊ စစ်ကာင်စီထောက်တိုင် ဘိုဘိုနှင့် ၎င်းတို့၏ကားသမားတို့အား မြို့ပြပြောက်ကျားတပ်ဖွဲ့မှပစ်ခတ်ရှင်းလင်းရာခြောက်ဦးသေဆုံးပြီး ဆယ်အိမ်မှုးဆန်းလွင်(ခ)ဂျပန်ကော့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က လုံခြုံ​ရေးတင်းကျပ်၍ လမ်းဆုံလမ်းခွများပိတ်ဆို့စစ်​ဆေး​နေ​ကြောင်းသိရသည်။

“စခ ရခတွေကတော့ လမ်းဆုံ လမ်းခွတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေပါတယ် အဖွဲ့သားတွေလည်း အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်ခင်ဗျ” ဟုမြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

၎င်းတို့သည် အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ် ပြည်သူများဆန္ဒထုတ်ဖော်စဉ်ကတည်းက ဆန္ဒပြပြည်သူများစာရင်းနှင့် ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်များအားခိုးယူရိုက်ကူး၍ စစ်ကောင်စီထံပေးပို့ခြင်း၊ စစ်တပ်ခေါ်ကာပြည်သူများအားခြိမ်းခြောက်ခြင်း စသည်တို့ကိုကျူးလွန်ခဲ့သည်ဟု​​ဖော်ပြထားသည်။

ကျေးရွာနေပြည်သူများ၏ နေအိမ်များအားလိုက်လံပြသ၍ ဖမ်းဆီးခိုင်းခြင်း၊ ချိတ်ပိတ်ရန်အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူ(၆၀)ဦးကျော်၏ အမည်၊ နေအိမ်နှင့် အချက်အလက်များအား ပြုစု၍ စစ်ကောင်စီထံပေးပို့ကာ ဖမ်းဆီးရန်ချဉ်းကပ်ဖိအားပေးခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook