Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တွံတေးတွင် ထွေအုပ်အစည်းအဝေးတက်ပြီးပြန်လာသည့်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်၊ စစ်​ကောင်စီခန့်အုပ်ချုပ်​ရေးမှူးအပါအဝင် ခြောက်ဦးသေ

“စခ ရခတွေကတော့ လမ်းဆုံ လမ်းခွတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေပါတယ် အဖွဲ့သားတွေလည်း အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်ခင်ဗျ” ဟုမြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

တွံတေးမြို့နယ်တွင် စစ်​ကောင်စီ၏ အ​ထွေထွေအုပ်ချုပ်​ရေးမှူးအစည်းအဝေးတက်ပြီးပြန်လာသည့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို လမ်းမှစောင့်ကြို၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်​ရေးမှူးအပါအဝင် ၆ ဦး​သေဆုံးကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးက ယနေ့(သြဂုတ် ၂၂) တွင် ထုတ်ပြန်သည်။

ယနေ့ညနေ ၄ နာရီခွဲခန့်က သဝန်းတောကျေးရွာနှင့် မြကန်သာကျေးရွာကြားလမ်းဆုံတွင် ဇီးဖြူကုန်းရွာအုပ် ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများလိုက်ပါလာသည့် ယာဥ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“စကစ အစည်းအဝေးက ပြန်လာတဲ့ သဝန်းတောအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေပါစီးလာတဲ့ကားကို လမ်းဆုံမကွေ့ခင် သေချာအလစ်အငိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးမှ ရဲဘော်တစ်ဦးက ပြောသည်။

​သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဇီးဖြူကုန်းအုပ်ချုပ်ရေးမှူးခင်ညွှန့်၊ ရာအိမ်မှူးများဖြစ်သော အေးမြင့်၊ သန်းထွေး(ခ) ဗေဒါ၊ ဆယ်အိမ်မှူးများဖြစ်သော ဝင်းဇော်(ခ)မိုးထိ၊ ဆန်းလွင်(ခ)ဂျပန်ကော့၊ စစ်ကာင်စီထောက်တိုင် ဘိုဘိုနှင့် ၎င်းတို့၏ကားသမားတို့အား မြို့ပြပြောက်ကျားတပ်ဖွဲ့မှပစ်ခတ်ရှင်းလင်းရာခြောက်ဦးသေဆုံးပြီး ဆယ်အိမ်မှုးဆန်းလွင်(ခ)ဂျပန်ကော့မှာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်က လုံခြုံ​ရေးတင်းကျပ်၍ လမ်းဆုံလမ်းခွများပိတ်ဆို့စစ်​ဆေး​နေ​ကြောင်းသိရသည်။

“စခ ရခတွေကတော့ လမ်းဆုံ လမ်းခွတွေမှာ ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေပါတယ် အဖွဲ့သားတွေလည်း အန္တရာယ်ကင်းစွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်ခင်ဗျ” ဟုမြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးမှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။

၎င်းတို့သည် အကြမ်းဖက်စစ်ကောင်စီထောက်တိုင်အဖြစ် ပြည်သူများဆန္ဒထုတ်ဖော်စဉ်ကတည်းက ဆန္ဒပြပြည်သူများစာရင်းနှင့် ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်များအားခိုးယူရိုက်ကူး၍ စစ်ကောင်စီထံပေးပို့ခြင်း၊ စစ်တပ်ခေါ်ကာပြည်သူများအားခြိမ်းခြောက်ခြင်း စသည်တို့ကိုကျူးလွန်ခဲ့သည်ဟု​​ဖော်ပြထားသည်။

ကျေးရွာနေပြည်သူများ၏ နေအိမ်များအားလိုက်လံပြသ၍ ဖမ်းဆီးခိုင်းခြင်း၊ ချိတ်ပိတ်ရန်အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူ(၆၀)ဦးကျော်၏ အမည်၊ နေအိမ်နှင့် အချက်အလက်များအား ပြုစု၍ စစ်ကောင်စီထံပေးပို့ကာ ဖမ်းဆီးရန်ချဉ်းကပ်ဖိအားပေးခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။