Connect with us

Hi, what are you looking for?

သတင်း

တွံတေးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်း

ယမန်နေ့ (သြဂုတ် ၁ ရက်)ည ၈ နာရီခွဲခန့်က တွံတေးမြို့ ကရင်ချောင်း ကျေးရွာအုပ်စု၊ ဘီခိုကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သော အုပ်ချုပ်ရေးမှူး သိန်းဝင်း(ခ) ငပူးအား ၎င်းနေထိုင်ရာကျေးရွာအထိသွားရောက်ပြီး အရေးယူ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

တွံတေးမြို့နယ်
တွံတေးမြို့နယ်

▪️ပြည်သူနှစ်ဦး ပစ်သတ်ခံရမှုတွင် အဓိကပါဝင်သူဖြစ်

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်တွင် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူး သိန်းဝင်း(ခ)ငပုအား ပစ်ခတ်ရှင်းလင်း အရေးယူဆောင်ရွက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးက ထုတ်ပြန်သည်။

ယမန်နေ့ (သြဂုတ် ၁ ရက်)ည ၈ နာရီခွဲခန့်က တွံတေးမြို့ ကရင်ချောင်း ကျေးရွာအုပ်စု၊ ဘီခိုကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သော အုပ်ချုပ်ရေးမှူး သိန်းဝင်း(ခ) ငပူးအား ၎င်းနေထိုင်ရာကျေးရွာအထိသွားရောက်ပြီး အရေးယူ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

၎င်း သိန်းဝင်း(ခ)ငပူးသည် အပြစ်မဲ့ပြည်သူနှစ်ဦးအား အကြမ်းဖက်စစ်ကောင်စီမှ ပစ်သတ်ခဲ့မှုတွင် အဓိကတာဝန်ရှိသူဖြစ်ပြီး စစ်ကောင်စီနှင့်ပေါင်း၍ ကျေးရွာနေပြည်သူများအား နှိပ်စက်ခြင်း၊ လမ်းသွားလမ်းလာများအားပါးရိုက်ထိုးကြိတ်ခြင်း၊ စစ်တပ်ခေါ်၍ကျေးရွာနေပြည်သူများအားဖိနှိပ်ခြင်း၊ ဆိုင်ကယ်များအား မတရားသိမ်းဆည်းခြင်းတို့ ကျူးလွန်ခဲ့သည်ဟု ဆိုသည်။

“သူ့နည်းတူ စကစနဲ့ပူးပေါင်းနေသေးတဲ့ အုပ်ချုပ်ရေးမှူးတွေကို ဆက်တိုက်အရေးယူရှင်းလင်းသွားမှာပါ”ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးမှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင် စီနှင့် ၎င်း၏လက်ပါးစေထောက်တိုင်များအနီးတွင်နေထိုင်ခြင်း၊ ဆက်ဆံခြင်းမပြုကြရန် မေတ္တာရပ်ခံထားပြီးဖြစ်သဖြင့် လိုက်နာပေးကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ – တွံတေးက ထပ်မံတိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။