Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦး – ခင်ဦးလမ်းတွင် စစ်ကောင်စီတပ် မိုင်းထိပြီး ရမ်းသမ်းပစ်ခတ်နေ

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး – ခင်ဦး လမ်းသွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးသည်။

(ခင်ဦးနယ်အခြေစိုက် PDFအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KSO)
(ခင်ဦးနယ်အခြေစိုက် PDFအဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - KSO)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှ ခင်ဦးမြို့သို့ထွက်လာသော စစ်ကောင်စီတပ်၏ ခြေလျင်စစ်ကြောင်း ယနေ့နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (သြဂုတ်၂၄ရက်) နံနက် ၇ နာရီ ၅၅မိနစ်ခန့်က ရေဦးမှ ကားနှစ်စီးအပြည့်အင်အားဖြင့် လမ်းပေါ်သို့ဆင်းကာ ခင်ဦးနယ်သို့ ခြေလျင်လာသော အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သည် မူးမြစ်ကူးတံတားအရှေ့ဘက်တွင် မိုင်းထိခဲ့ကြောင်း 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊 အဖွဲ့က ပြောသည်။

မိုင်းထိပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် အင်တိုင်းလေးတောင်ရွာသို့ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်နေ၍ ရေဦး – ခင်ဦး လမ်းသွားလာမှု ယာယီ ရပ်နားပေးထားကြပါရန် 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (သြဂုတ် ၂၃ရက်) ညပိုင်းကလည်း ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ဘေးပတ်ဝန်းကျင်ရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုကြောင့် ရေဦးနယ် မူးသာကုန်းရွာ သုံးချက်၊ မူးမြစ်အရှေ့ဘက် ခင်ဦးနယ် မူးသာရွာ သုံးချက်၊ အင်းပတ်ရွာ သုံးချက် ကျရောက်ခဲ့ပြီး မူးသာကုန်းရှိ ဒေသခံပြည်သူ လေးဦး၊ မူးသာရွာမှ ပြည်သူ တစ်ဦးနှင့် နွားတစ်ကောင် လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း၊ အခြားပျက်စီးထိခိုက်မှုများလည်း ရှိနိုင်ပြီးအတည်မပြုနိုင်သေးကြောင်း 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က အသိပေးသည်။

“ထင်ရာမပြေးဘဲ အကာအကွယ်ရှိသော နေရာများတွင်သာ အတတ်နိုင်ဆုံးနေကြဖို့ လိုအပ်ကြောင်း နီးစပ်မိတ်ဆွေများအား ဖုန်းသတင်းပေးကြပါ။”ဟု 𝙆𝙝𝙞𝙣 𝙐 𝙎𝙪𝙥𝙥𝙤𝙧𝙩 𝙊𝙧𝙜𝙖𝙣𝙞𝙯𝙖𝙩𝙞𝙤𝙣-𝙆𝙎𝙊က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။