Connect with us

Hi, what are you looking for?

သတင်း

ရေဦးမြို့နယ်တွင် စစ်​ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာသုံးရွာရှိ ​နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီး

ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ​ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။

(ရေဦးနယ် မီးမောင်းကုန်းရွာ မီးလောင်ပျက်ဆီးခဲ့သော နေအိမ်အချို့အား ​တွေ့ရစဥ်၊ ဓာတ်ပုံ-ဒေသခံ)
(ရေဦးနယ် မီးမောင်းကုန်းရွာ မီးလောင်ပျက်ဆီးခဲ့သော နေအိမ်အချို့အား ​တွေ့ရစဥ်၊ ဓာတ်ပုံ-ဒေသခံ)

▪️ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်​ကောင်စီတပ်က တစ်ပတ်အတွင်း ကျေးရွာ သုံးရွာရှိ ​နေအိမ် ၁၂၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားပြီး ​ဒေသခံပြည်သူ ၁၀ဦးထက်မနည်း သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်​ကောင်စီတပ်သည် ဇူလိုင် ၈ရက်မှ ၁၄ရက်အတွင်း ရေဦးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ စည်သာမြေရွာ မှ ​နေအိမ် ၂၃အိမ်၊ ကူဖြူရွာမှ ၃၁ အိမ်၊ မီးမောင်းကုန်းရွာမှ ၇၂အိမ် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပကဖ (ရေဦး)က သတင်းထုတ်ပြန်သည်။

ထို့အပြင် စစ်ကြောင်းထိုးရာရွာများရှိ ​ဒေသခံပြည်သူအချို့အား ပစ်ခတ်သတ်ဖြတ်ခဲ့ရာ မီးမောင်းကုန်းရွာ တစ်ဦး၊ လိန်တောရွာ နှစ်ဦး၊ကန်ပေါက်ရွာ သုံးဦး၊ စည်သာမြေရွာ နှစ်ဦး၊ ကူဖြူရွာနှစ်ဦးသေဆုံးခဲ့ကြောင်း ပကဖ(ရေဦး)က အသိပေးသည်။

ရေဦးနယ်အနောက်ခြမ်း၊ ဒီပဲယင်းနယ်အရှေ့ခြမ်း နများရွာတွင်လည်း ဇူလိုင်၁၄ရက်က ဝေဟင်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ​ဒေသခံပြည်သူ သုံးဦးထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook