Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ပွဲရှစ်ကြိမ်ဆင်နွှဲပြီး အောင်ပွဲဆင်နိုင်ခဲ့ဟု PDF အသိပေး

“တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော တော်လှန်ရေးညီအစ်ကိုတို့၏ စွန့်လွှတ်စွန့်စားမှုများ၊ ရဲဝံ့စွာတိုက်ပွဲဝင်မှုများကို လေးစားစွာ ‌ဦးညွှတ်အသိအမှတ်ပြုအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးဖော်ပြသည်။

(အောင်ပွဲဖြင့် ပြန်လာသော ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ဒေသခံပြည်သူများက သပြေပန်းများဖြင့် ကြိုဆိုနေစဥ်၊ ဓာတ်ပုံ - Taze PDF)
(အောင်ပွဲဖြင့် ပြန်လာသော ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ဒေသခံပြည်သူများက သပြေပန်းများဖြင့် ကြိုဆိုနေစဥ်၊ ဓာတ်ပုံ - Taze PDF)

တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အားလျော့သွားအောင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း ရှစ်ကြိမ်ဆင်နွှဲပြီး အောင်ပွဲဆင်နိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Taze PDF)က ယနေ့(သြဂုတ် ၂၄) အသိပေးထုတ်ပြန်သည်။

ဩဂုတ် ၁၅ ရက်မှ ၂၃ ရက်အထိ တိုက်ပွဲရှစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူတို့ ပို့သသောမေတ္တာကြောင့် မိမိတို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာတိုက်ပွဲဝင်နိုင်ခဲ့ကြပါသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှာ မိတ္ထီလာအခြေစိုက် ခမရ(၁၁၃)မှဖြစ်ပြီး အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည်ကို တန့်ဆည် PDF တပ်ရင်း (၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)တို့နှင့်အတူ မြို့နယ်(ပကဖ)၊ မဟာမိတ်ညီနောင် တပ်ရင်းများဖြစ်ကြ‌သော တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၆)၊ KPK၊ TSR၊ SAF၊ ပလဖနှင့် PLA၊ TCRF ၊ PRLF တို့ ပူးပေါင်း၍ ညီညွတ်စွာ တိုက်စစ်ဆင်ပြီး အကြမ်းဖက်စစ်တပ်ကို အင်အားလျှော့ချ၍ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော တော်လှန်ရေးညီအစ်ကိုတို့၏ စွန့်လွှတ်စွန့်စားမှုများ၊ ရဲဝံ့စွာတိုက်ပွဲဝင်မှုများကို လေးစားစွာ ‌ဦးညွှတ်အသိအမှတ်ပြုအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးဖော်ပြသည်။

Public Service Announcement

Public Service Announcement

နောက်နောင်တွင်လည်း မိမိတို့၏ ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်ကောင်စီအား စုပေါင်းစည်းလုံးမှု အင်အားဖြင့် အမြစ်ဖြတ်‌ချေမှုန်း တိုက်ထုတ်သွားမည် ဖြစ် ကြောင်း ကြေညာထားပြီး အောင်ပွဲနှင့်ပြန်လာသော ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ပြည်သူလူထုက အောင်သပြေများဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။