Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ပွဲရှစ်ကြိမ်ဆင်နွှဲပြီး အောင်ပွဲဆင်နိုင်ခဲ့ဟု PDF အသိပေး

“တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော တော်လှန်ရေးညီအစ်ကိုတို့၏ စွန့်လွှတ်စွန့်စားမှုများ၊ ရဲဝံ့စွာတိုက်ပွဲဝင်မှုများကို လေးစားစွာ ‌ဦးညွှတ်အသိအမှတ်ပြုအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးဖော်ပြသည်။

(အောင်ပွဲဖြင့် ပြန်လာသော ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ဒေသခံပြည်သူများက သပြေပန်းများဖြင့် ကြိုဆိုနေစဥ်၊ ဓာတ်ပုံ - Taze PDF)
(အောင်ပွဲဖြင့် ပြန်လာသော ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ဒေသခံပြည်သူများက သပြေပန်းများဖြင့် ကြိုဆိုနေစဥ်၊ ဓာတ်ပုံ - Taze PDF)

တန့်ဆည်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အားလျော့သွားအောင် ဒေသကာကွယ်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း ရှစ်ကြိမ်ဆင်နွှဲပြီး အောင်ပွဲဆင်နိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်(Taze PDF)က ယနေ့(သြဂုတ် ၂၄) အသိပေးထုတ်ပြန်သည်။

ဩဂုတ် ၁၅ ရက်မှ ၂၃ ရက်အထိ တိုက်ပွဲရှစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူတို့ ပို့သသောမေတ္တာကြောင့် မိမိတို့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာတိုက်ပွဲဝင်နိုင်ခဲ့ကြပါသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်မှာ မိတ္ထီလာအခြေစိုက် ခမရ(၁၁၃)မှဖြစ်ပြီး အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည်ကို တန့်ဆည် PDF တပ်ရင်း (၆)၊ တပ်ရင်း(၇)၊ တပ်ရင်း(၈)တို့နှင့်အတူ မြို့နယ်(ပကဖ)၊ မဟာမိတ်ညီနောင် တပ်ရင်းများဖြစ်ကြ‌သော တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ တပ်ရင်း(၂၆)၊ KPK၊ TSR၊ SAF၊ ပလဖနှင့် PLA၊ TCRF ၊ PRLF တို့ ပူးပေါင်း၍ ညီညွတ်စွာ တိုက်စစ်ဆင်ပြီး အကြမ်းဖက်စစ်တပ်ကို အင်အားလျှော့ချ၍ အောင်ပွဲဆင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“တိုက်ပွဲများတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော တော်လှန်ရေးညီအစ်ကိုတို့၏ စွန့်လွှတ်စွန့်စားမှုများ၊ ရဲဝံ့စွာတိုက်ပွဲဝင်မှုများကို လေးစားစွာ ‌ဦးညွှတ်အသိအမှတ်ပြုအပ်ပါသည်”ဟု တန့်ဆည် PDF က အသိပေးဖော်ပြသည်။

Public Service Announcement

Public Service Announcement

နောက်နောင်တွင်လည်း မိမိတို့၏ ဘုံရန်သူဖြစ်သော အကြမ်းဖက်စစ်ကောင်စီအား စုပေါင်းစည်းလုံးမှု အင်အားဖြင့် အမြစ်ဖြတ်‌ချေမှုန်း တိုက်ထုတ်သွားမည် ဖြစ် ကြောင်း ကြေညာထားပြီး အောင်ပွဲနှင့်ပြန်လာသော ဒေသကာကွယ်ရေးတပ်ဖွဲ့များကို ပြည်သူလူထုက အောင်သပြေများဖြင့် နွေးထွေးစွာကြိုဆိုခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။