Connect with us

Hi, what are you looking for?

သတင်း

ရေစကြို ရေလယ်ကျွန်းတွင် သေဆုံးစစ်သားများအားအမိန့်ပြန်နေချိန် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိနိုင်ကြောင်း MUA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Myaung Union Army အဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-MUA
Myaung Union Army အဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ-MUA

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသတိုက်ပွဲတွင် သေဆုံးခဲ့သော စစ်သားများအား အမိန့်ပြန်နေချိန် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရ၍ ငါးဦးခန့် ထပ်မံသေဆုံးနိုင်ကြောင်း Myaung Union Army က သတင်းထုတ်ပြန်သည်။

ယနေ့(ဩဂုတ် ၂၅) နံနက် ၁၀နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် သေဆုံးစစ်သားများကို အင်အား ၂၀ခန့်ဖြင့် အမိန့်ပြန်တမ်းလုပ်နေစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အီနာဂါဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်း သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိနိုင်ကြောင်း MUA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် ညနေ ၄ နာရီခွဲခန့်ကလည်း မင်းရွာရှိ စစ်ကောင်စီတပ်အား အီနာဂါဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ ဒရုန်းမှာ Signal လွတ်၍ ပြန်ခေါ်ခဲ့ရသဖြင့် စစ်ဆင်ရေးမအောင်မြင်ခဲ့ကြောင်း MUA က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ ဒရုန်းစစ်ဆင်ရေးများတွင် ပြည်သူ့တပ်မတော်(မြောင်) စစ်ကိုင်းခရိုင်တပ်ရင်း (၂)၊ မြောင်တပ်ခွဲ(၃)မှ တပ်ခွဲမှုးနှင့်အဖွဲ့၊ CDSOM ၏ Drone အဖွဲ့နှင့် CDSOM ၏ မြောက်ပိုင်း 012 အဖွဲ့၊ မြင်းမူ မြို့ပြတော်လှန်ရေးအဖွဲ့ CRF Myinmu၊ Myaung Fighters၊ People Defense Force – Taloke (မြင်းခြံခရိုင်တပ်ရင်း ၂)၊ MGN RANGER၊ MGN TIGER၊ Wolf Brothers နှင့် ရေလယ်ကျွန်းဒေသခံ ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

သြဂုတ် ၂၄ ရက် နံနက် ၅နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း​ဒေသရှိ မင်းရွာကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျုများ၏ အထိုင်စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး အရာရှိတစ်ဦးအပါအဝင် ၂၁ဦးခန့် သေဆုံးနိုင်ပြီး ဒဏ်ရာရရှိသူ ၁၂ ဦးခန့်ရှိကြောင်း Shwe Lal Kyun LPDFက အသိပေးထားသည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး MUA ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ အရေးအကြီးဆုံး စစ်ရေးပြ ချီတက်ပွဲ တစ်ခုဆီ ယူကရိန်းရဲ့ ဖောက်ခွဲရေး ဒရုန်းတွေ ရောက်ရှိလာနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဆိပ်ကမ်းတစ်ခုကို ယူကရိန်း ဒရုန်းတွေက တိုက်ခိုက်ခဲ့ပြီး ရေနံတင် သင်္ဘောနဲ့ စစ်ရေယာဉ်တွေကို ထိမှန်ခံခဲ့ရကြောင်း သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ရဲ ၇ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေရတယ်လို့ Southern YSO PDFက ဒီကနေ့ မေလ ၂ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook