Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နယ်မောင်မယ်ရှောင်ကျေးရွာအနီးစစ်ကားသုံးစီးကို DGRFက ပဒေသာမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်

“ထိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ် သားအများအပြားထိခိုက်ကျဆုံးမှုရှိနိုင်သော်လည်းအရေအတွက်အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပေ”ဟု DGRF က အသိပေးသည်။

(​မောက်မယ်​ရှောင် ​ကျေးရွာအနီးလမ်းညွန်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)
(​မောက်မယ်​ရှောင် ​ကျေးရွာအနီးလမ်းညွန်ဆိုင်းဘုတ်။ ဓါတ်ပုံ-CJ)

ထားဝယ်နယ် မောင်မယ်ရှောင်ကျေးရွာအနီး စစ်ကားသုံးစီးကို ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာအသေ အပျောက်ရှိနိုင်ပြီး အဆိုပါ ယာဥ်တန်းနှင့်ကပ်လိုက်လာသော ဒလန်ဆိုသူမိုင်းထိကာ ဆေးရုံပို့လိုက်ရကြောင်း Dawei Guerrilla Revolutionary Force – DGRF က ယနေ့(သြဂုတ် ၂၆)တွင် ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကို သြဂုတ် ၂၅ ရက်နေ့လယ် ၁၂ နာရီခန့်က ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီး ရေး-ထားဝယ်လမ်းပိုင်း၌ ရေဖြူဘက်မှ ထားဝယ်ဘက်သို့လာသော စစ်ကားသုံးစီးကို ပဒေသမိုင်းဖြင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“ထိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ် သားအများအပြားထိခိုက်ကျဆုံးမှုရှိနိုင်သော်လည်းအရေအတွက်အတိအကျ အတည်ပြုနိုင်ခြင်းမရှိသေးပေ”ဟု DGRF က အသိပေးသည်။

အလားတူ အဆိုပါစစ်ယာဥ်တန်းနှင့် ကပ်လိုက်လာသော ဆိုင်ကယ်တစ်စီးမှာ မရည်ရွယ်ဘဲ အနည်းငယ်ထိခိုက်သွားပြီး ယာဥ်မောင်းဖြစ်သူ မစိုးရိမ်ရဒဏ်ရာရသွားရာ ၎င်းမှာ စစ်ကောင်စီသတင်းပေးဒလန်ဟုဆိုသူတစ်ဦးဖြစ်ကာ ဆေးရုံသို့ပို့လိုက်ရကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

DGRFအနေဖြင့်စစ်ကောင်စီတပ်အပါအဝင်၎င်း၏ထောက်တိုင်များ၊ စစ်ယာဥ်တန်းများနှင့် ကပ်မလိုက်ဘဲ ဝေးဝေးနေကြရန်အကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်၍ လိုက်နာခြင်းမရှိပါက နောက်ဆက်တွဲအခြေအနေများကို မိမိတို့ဘာသာ တာဝန်ယူရမည်ဖြစ်ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ