Connect with us

Hi, what are you looking for?

သတင်း

မုံရွာတွင်စားဝတ်​နေ​ရေးအခက်အခဲရှိ​သော အ​ခြေခံပြည်သူအိမ်​ထောင်စု ၂၀၀ ကို S&C ကဆန်နှင့်ကြက်ဥလှူဒါန်း

ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် အခြေခံ လူတန်းစားများ၏ အကြပ်အတည်းအတွက် အနည်းငယ် ​အဆင်ပြေ နိုင်စေရန် ရည်ရွယ်၍ S&C မှ ယ​နေ့ နံနက်တွင် မျှဝေခြင်းဖြစ်​ကြောင်းလည်းတာဝန်ရှိသူက​ပြောသည်။

(မုံရွာမြို့တွင်ယ​နေ့နံနက်အ​ခြေခံပြည်သူများကို S&C ကဆန်နှင့်ကြက်ဥလှူဒါန်း​နေစဥ် ။ ဓါတ်ပုံ-S&C)
(မုံရွာမြို့တွင်ယ​နေ့နံနက်အ​ခြေခံပြည်သူများကို S&C ကဆန်နှင့်ကြက်ဥလှူဒါန်း​နေစဥ် ။ ဓါတ်ပုံ-S&C)

မုံရွာမြို့တွင် စား၀တ်နေရေးအခက်အခဲရှိနေသောအ​ခြေခံပြည်သူများသို့ S&C မီးဘေး စစ် ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တအိမ်ထောင်လျှင် ဆန်၁ပြည်နှင့် ကြက်ဥ ၁၀လုံး စီ နှင့် အိမ်ထောင်စု ၂၀၀ စာ မျှဝေလှူဒါန်းခဲ့သည်။

ကုန်စျေးနှုန်းကြီးမြင့်မှုများကြောင့် အခြေခံ လူတန်းစားများ၏ အကြပ်အတည်းအတွက် အနည်းငယ် ​အဆင်ပြေ နိုင်စေရန် ရည်ရွယ်၍ S&C မှ ယ​နေ့ နံနက်တွင် မျှဝေခြင်းဖြစ်​ကြောင်းလည်းတာဝန်ရှိသူက​ပြောသည်။

“လူအရေအတွက်ကတော့ ၅၀၀ ကျော်မယ်ဗျ။ပြည်ထောင်စုလမ်းဘေးမှာအပြည့်ဘဲ။၈ နာရီမှဝေမဲ့အချိန်က မနက် ၅ နာရီကတည်းကရောက်လာကြတာ။ အစောကြီးလာကြတော့၆ နာရီခွဲလောက်မှာဝေပေးလိုက်တယ်။ ၇ နာရီခွဲလောက်မှာပြီးသွားတယ်” ဟုအဖွဲ့မှတာဝန်ရှိသူက​ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ်တွင် မဘိန်းမြို့နယ်နှင့် ကချင်ပြည်နယ် နယ်စပ်မှ​ကျောင်းသားကလေးများကို S & C က​ကျောင်းဖွင့်လှစ်၍ အခမဲ့ပညာသင်ကြား​ပေး​နေပြီး ​ကျောင်းသား​ကျောင်းသူ ၁၈၀ ​ကျော်ကိုပညာသင်ကြား​ပေး​နေသည်​ကြောင်းတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မိုးကောင်းပြီး သစ်ပင်လဲပိလို့ ကား ၂စီး ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။