Connect with us

Hi, what are you looking for?

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(ဩဂုတ် ၂၇ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဒေါ်လာနဲ့ ရွှေစျေးထိုးတက်နေပြီး ရွှေစျေး သိန်း ၃၀ နား​ရောက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေ ဆက်လက်ထိုးကျနေပြီး ​ဒေါ်လာစျေးဟာ ဒီနေ့မှာ တစ်ဒေါ်လာ ကျပ် ၃၃၀၀ ကျော် စျေးပေါက်နေပါတယ်။ ရွှေစျေးဟာလည်း ၁ ကျပ်သားကို ၂၉ သိန်းကျပ်ကျော်အထိ ရောက်နေပါတယ်။ ဒေါ်လာနဲ့ရွှေစျေး အခုလိုတောက်လျှောက်စျေး တက်နေချိန်မှာ အာဏာသိမ်းစစ်ကောင်စီက ရွှေလုပ်ငန်းရှင်တွေကို နေပြည်တော်ကို ခေါ်တွေ့ နေတယ်လို့ သိရပါတယ်။

​ရွှေ​ဈေးမှ သမိုင်းတစ်​​လျှောက်ပထမဆုံးအကြိမ် ၁ကျပ်သားကျပ်သိန်း ၃၀ ​ဈေး​ရောင်ရန် နီးကပ်လာသည်။ဓါတ်ပုံ-WYTNGS
​ရွှေ​ဈေးမှ သမိုင်းတစ်​​လျှောက်ပထမဆုံးအကြိမ် ၁ကျပ်သားကျပ်သိန်း ၃၀ ​ဈေး​ရောင်ရန် နီးကပ်လာသည်။ဓါတ်ပုံ-WYTNGS

▪︎မုံရွာမှာ အခြေခံပြည်သူတွေကို ဆန်နဲ့ ကြက်ဥ မျှဝေလှူဒါန်း

မုံရွာမြို့မှာ စား၀တ်နေရေးအခက်အခဲရှိနေတဲ့ အ​ခြေခံပြည်သူတွေကို S&C မီးဘေး စစ် ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က တစ်အိမ်ထောင်လျှင် ဆန်၁ပြည်နဲ့ ကြက်ဥ ၁၀လုံး စီ ဒီနေ့မနက်မှာ မျှဝေလှူဒါန်းခဲ့ပါတယ်။ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကြောင့် အခြေခံ လူတန်းစား တွေရဲ့ အကြပ်အတည်းအတွက် အနည်းငယ် ​အဆင်ပြေ နိုင်စေဖို့ရည်ရွယ်ပြီး S&C က အိမ်ထောင်စု ၂၀၀ စာ မျှဝေလှူဒါန်းခဲ့တာဖြစ်လို့ သိရပါတယ်။

မုံရွာတွင်စားဝတ်​နေ​ရေးခက်ခဲ​သောအ​ခြေခံပြည်သူများကို S&C က ဆန်နှင့်ကြက်ဥ လှူဒါန်းနေစဥ်။ ။ဓါတ်ပုံ-S&C
မုံရွာတွင်စားဝတ်​နေ​ရေးခက်ခဲ​သောအ​ခြေခံပြည်သူများကို S&C က ဆန်နှင့်ကြက်ဥ လှူဒါန်းနေစဥ်။ ။ဓါတ်ပုံ-S&C

▪︎ရခိုင်မြောက်ပိုင်းတိုက်ပွဲပြင်းထန်လာမှုကြောင့် ဒေသခံတွေ ထွက်ပြေးနေရ

အကြမ်းဖက်စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့အကြား ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တော ဒေသမှာ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရပါတယ်။ စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ် ပွားရာအနီးကျေးရွာတွေက ဒေသခံအချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်တပ်က နေရာအနှံ့အပြားများကို သွားလာခွင့်တင်းကြပ်ပိတ်ဆို့ထားတာကြောင့် လူသားချင်း စာနာမှုအကူအညီပေးမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေလည်း အခက်ကြုံနေပါတယ်။

Public Service Announcement

Public Service Announcement

တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) အဖွဲ့ဝင်များကို​တွေ့ရစဥ် ။ ဓါတ်ပုံ-SOF
တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) အဖွဲ့ဝင်များကို​တွေ့ရစဥ် ။ ဓါတ်ပုံ-SOF

▪︎အလုပ်သမားတွေကို ဖိနှိပ်နေတဲ့အလုပ်ရှင်တွေကို အရေးယူမယ်လို့ NUG သတိပေး

အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့ အလုပ်ရှင်တွေကို မှတ်တမ်းရယူပြီး ထိရောက်စွာအရေးယူသွားမယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ဒီနေ့သတင်းပေးလိုက်ပါတယ်။ စစ် တပ်နဲ့ အပေါင်းအပါ လုပ်ငန်းရှင်တွေဟာ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်း‌တို့အပါအဝင် ပြည်နယ်အချို့မှ အလုပ်သမားတွေကို အလုပ်ထုတ်တာ၊ အလုပ်မခန့်တာတွေတို့ ပြုလုပ်နေပါတယ်။ နောက်ပြီး ၅/ ၊ ၈/ ၊ ၉/ မှတ်ပုံတင်ကိုင်ဆောင်သူတွေကို အဆောင်တွေမှာ ဆက်လက် နေထိုင်ခွင့် မပေးဖို့ ဖိအားပေးတာနဲ့ အလုပ်သမားတွေအပေါ် နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်မှုတွေ ပြုလုပ်နေတယ် လို့ NUG က ဆိုပါတယ်။

▪︎ကွမ်းခြံကုန်းမှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး စစ်ကောင်စီယာဉ် တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်နဲ့လူ ထိခိုက်မှုရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသခွဲအထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F)က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ မြို့နယ်ကောင် စီဝင်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ စစ်သားနဲ့ ရဲတွေ လိုက်ပါလာတဲ့ ယာဉ်တန်းကို ရှေ့ထွက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများပြားခဲ့တယ်လို့လည်း S.O.F က ဆိုပါ တယ်။

▪︎မြိုင်နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးနေ

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်း၊ ဝယ်တောင်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီ တပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ရွာများအားမီးရှို့ဖျက်ဆီးနေပါတယ်။ အဲဒါကြောင့် ကျေးရွာ ၈ ရွာထက်မနည်း ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် အနီးအနားရှိ မိဘ ပြည်သူတွေအနေနဲ့ သတိထားရှောင်ရှားကြဖို့ မြိုင်(ပကဖ)က အသိပေးကြေညာထားပါတယ်။

ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

မြိုင်မြို့နယ်မှ ​ကျေးရွာများကိုစစ်တပ်ကမီးရှို့​​နေစဥ်။ဓါတ်ပုံ-CJ
မြိုင်မြို့နယ်မှ ​ကျေးရွာများကိုစစ်တပ်ကမီးရှို့​​နေစဥ်။ဓါတ်ပုံ-CJ

▪︎မုံရွာနယ်ထဲက အမျိုးသားသုံးဦးကို စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အမျိုးသား သုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့က လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ်အင်အား ၅၀ နဲ့ သတင်းပေးတွေဟာ အမျိုးသားနှစ်ဦးကို ကြိုးတုပ်ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီလိုဝင်ရောက်လာချိန်မှာ လက်ဖက်ရည်ဆိုင်ထိုင်နေသူ တွေက လန့်ပြီးထပြေးချိန်မှာ စစ်ကောင်စီက သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အသက် ၅၁ နှစ်အရွယ် ဦး အောင်ချစ်ဆိုသူ ကျည်ဆန် ၅ ချက် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။ ကြိုးတုပ်ခေါ်လာတဲ့ အမျိုး သားနှစ်ဦးကိုလည်း စာသင်ကျောင်းအနောက်ဘက် အိမ်သာနားမှာ သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

▪︎ကျွန်းလှမြို့နယ်မှာမီးရှို့​နေတဲ့စစ်သား​တွေမိုင်းဆွဲခံရပြီး ၅​ယောက်​သေဆုံးထိခိုက်

စစ်ကိုင်းတိုင်းကျွန်းလှမြို့နယ်က ရွာတွေကို ဝင်ရောက်စီးနင်းပြီးမီးရှို့နေတဲ့ စစ်ကောင်စီတပ်ရဲ့ ရှေ့ပြေးအဖွဲ့ကို ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ဒီကနေ့ ဩဂုတ် ၂၇ရက် မနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးထိခိုက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ